အပိုင္း(၇)

1.6K 191 11
                                    

<Unicode>
ချစ်ဇွဲကိုတို့ နေမဝင်ခင်အိမ်ပြန်ရောက်လာကြသည်။ လမ်းတစ်လျှောက်တွင်လည်း နှစ်ယောက်သား ဘာစကားမှမဆိုကြ။  ချစ်ဇွဲကိုအိမ်ရောက်တာနဲ့ ချက်ချင်းပင် ပုဆိုးတစ်ထည်ကောက်ယူပြီး ရေချိုးရန်ထွက်သွားပါတော့သည်။

ခွန်းမာန်ရှိုင်းတစ်ယောက်ကတော့ ခုချိန်ထိ အူကြောင်ကြောင်ဖြစ်နေဆဲ။ ချစ်ဇွဲကို တစ်ခုခုဖြစ်နေတယ်ဆိုတာ သူရိပ်မိသည်။ ဒါပေမယ့် ဘာဖြစ်နေမှန်းမသိတာခက်သည်။

ကျုပ်ကိုများ စိတ်ဆိုးနေတာလား.. ဘာလုပ်မိလို့လဲ..ရုတ်တရက်ကြီးဘာဖြစ်သွားတာလဲ..??

စဉ်းစားလို့လည်းမရမယ့်တူတူ ခွန်းမာန်ရှိုင်းဆက်ပြီးမစဉ်းစားတော့ဘဲ ညစာပြင်နေမည့်သူ့အမေကိုကူညီရန် မီးဖိုချောင်ကိုသာ ဝင်သွားပါတော့သည်။

ချစ်ဇွဲကိုရေချိုးပြီး အဝတ်အစားလဲပြီးတဲ့အချိန်မှာ ညစာပြင်ပြီးနေပြီ။ ချစ်ဇွဲကို ထမင်းဝိုင်းမှာဝင်ထိုင်ရင်း

"အရီးနု..ဦးလေးထွန်းကိုမတွေ့ပါလား?"

ချစ်ဇွဲကို မနက်ကတည်းက အရီးနာမည်က ဒေါ်မြအေးနုဆိုတာသိခဲ့ပြီး အရီးနုဟုခေါ်ခြင်းဖြစ်သည်။

"အဘက ကိစ္စတစ်ခုကြောင့် ခဏခရီးထွက်သွားတာ.."

ချစ်ဇွဲကို၏မေးခွန်းကို ခွန်းမာန်ရှိုင်းက ဝင်ဖြေလိုက်သည်။ ထိုအခါ ချစ်ဇွဲကိုက 'ေဩာ်´ဟုသာပြောပြီး ဘာမှဆက်မပြောတော့။

ငါကအရီးနုကိုမေးတာကို..ဒီလူကဘာလို့ဝင်ဖြေရတာလဲ..??

ညနေကတည်းက အေးစက်စက်ဖြစ်သွားသည့် လေထုကို ဖြိုခွဲရန် ခွန်းမာန်ရှိုင်း အရင်စကားစပြောလိုက်သော်လည်း ဟိုကသူ့ကို ဂရုစိုက်ပုံမပေါ်။

တစ်ကယ်ပဲ ဘာဖြစ်သွားတာလဲကွာ..ဒါမှမဟုတ် ညရောက်ရင်စိတ်ဆက်တတ်တယ့် အကျင့်ရှိတာများလား.??🤔

ခွန်းမာန်ရှိုင်းတစ်ယောက် အကြီးအကျယ်ကိုခေါင်းခြောက်နေပါပြီ။ မနက်က အကောင်းကြီးရှိသေးတဲ့လူက ချက်ချင်းကို မခေါ်မပြောတော့ဘဲ သူ့ကိုရှောင်နေတာကြောင့် ခွန်းမာန်ရှိုင်း ဘာလုပ်ရမှန်းမသိဖြစ်နေသည်။

ကြၽန္ေတာ့္ရဲ့ဖူးစာရွင္ ( ကျွန်တော့်ရဲ့ဖူးစာရှင် )[Completed]Where stories live. Discover now