အပိုင္​း(၁၀)

1.5K 143 4
                                    

<Unicode>
ညနေခင်း မှုန်ရီဝိုးတဝါးအချိန်တွင် လူသားနှစ်ယောက် ဖုန်တထောင်းထောင်းနှင့်ရွာလမ်းလေးမှာ လက်ချင်းတွဲလျက် လမ်းလျှောက်လာကြသည်။ ထိုလူသားနှစ်ယောက်မျက်နှာပေါ်တွင် တူညီသောအပြုံးနှစ်ခုရှိနေမည်မှာသေချာပါ၏။ လောကကြီးမှာ သူတို့နှစ်ယောက်ပဲရှိသလို စိတ်အစဉ်ဟာ လွတ်လပ်ပေါ့ပါးနေကြသေးသည်။ အနာဂတ်ကိုမေ့ထားပြီး ပစ္စုပ္ပန်မှာပျော်မွေ့နေကြသည်။ မရေရာတဲ့အနာဂတ်မှာ ဘာတွေပဲဖြစ်လာပါစေ ရင်ဆိုင်ရန်လည်းအသင့်ရှိနေပြီ။ သူတို့နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် ဖမ်းဆုပ်ထားပြီးစွန့်လွှတ်ဖို့ရန်စိတ်ကူးမရှိကြပေ။

ဇွဲတို့အိမ်ပြန်ရောက်တော့ ခြံရှေ့မှာတင် အရီးနုကိုတွေ့လိုက်ရသည်။ အရီးနုခမျာ လည်တဆန့်ဆန့်နဲ့မျှော်နေရာမှ ဇွဲတို့ကိုတွေ့တော့ ရင်ဖတ်ဖိ၍ စိတ်အေးသွားဟန်သက်ပြင်းချသည်။

"သားတို့ရယ်..စိတ်ပူလိုက်ရတာ."

နဖူးစပ်တွင် ချွေးစို့၍ အပူသည်ရုပ်ဖြစ်နေသော အရီးနုကိုတွေ့တော့ ဇွဲ အပြစ်မကင်းသလိုခံစားလိုက်ရသည်။

"တောင်းပန်ပါတယ်ဗျာ..ကျွန်တော့်ကြောင့်...အရီးတို့ကိုစိတ်ပူအောင်လုပ်မိတယ်."

"ရပါတယ်.သားရယ်..အိမ်ပြန်ရောက်လာလို့တော်သေးတာပေါ့..နောက်ကျရင် အကြာကြီးပျောက်မသွားနဲ့နော်"

"ဟုတ်"

ဇွဲ တောင်းပန်လိုက်ပေမယ့် အရီးနုကစိတ်ဆိုးပုံမရတာကြောင့် ဇွဲ စိတ်အေးသွားရသည်။ ထို့ကြောင့် အချိုသာဆုံးပြုံးပြလိုက်သည်။ အရီးနုလည်း ပြန်ပြုံးပြပြီး အိမ်ထဲဝင်သွားသည်။ ဇွဲ ရှိုင်းဖက်ကိုလှည့်ကြည့်လိုက်သောအခါ ရှိုင်းက အရီးနုကိုလှမ်းကြည့်နေတာတွေ့လိုက်ရသည်။ ဇွဲ ရှိုင်း၏ပုံစံကိုကြည့်ရုံဖြင့် ဘာတွေးနေတယ်ဆိုတာသိလိုက်ရသည်။ ထို့ကြောင့် ရှိုင်း၏လက်ကိုဆုပ်ကိုင်ပြီး အပြုံးနုနုတစ်ခုဖြင့်အားပေးစကားပြောလိုက်သည်။

"အဆင်ပြေသွားမှာပါ"

ရှိုင်း ဇွဲကိုလှည့်ကြည့်ပြီးပြုံးပြလိုက်သော်လည်း ရှိုင်း၏မျက်လုံးထဲမှ စိုးရိမ်မှုအရိပ်အယောင်များ ပျောက်ကွယ်မသွားပါချေ။

ကြၽန္ေတာ့္ရဲ့ဖူးစာရွင္ ( ကျွန်တော့်ရဲ့ဖူးစာရှင် )[Completed]Where stories live. Discover now