<Unicode>
ပုစွန်ဆီရောင်သန်းသော နေမင်းကြီးသည် တစ်နေ့တာကို နှုတ်ဆက်ရန် အသင့်ဖြစ်နေသည်။ ပတ်ဝန်းကျင်တွင်လည်း မှောင်ရိပ်တို့ လွှမ်းမိုးလာတော့မည်။ ညနေခင်း၏ လေပြေလေညင်းလေးများကလည်း လမ်းလျှောက်နေသောလူသားနှစ်ယောက်အား ကလူကျီစယ်သွားကြသည်။ချစ်ဇွဲကိုထိုလူခေါ်ဆောင်ရာနောက်သို့ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့သည်။ လူသူအရောက်အပေါက်နည်းသော ထိုလမ်းပေါ်တွင် ကားကိုစိတ်ချစွာထားခဲ့လိုက်ပြီး ကားပေါ်ရှိအဝတ်အိတ်ကိုတော့ ချစ်ဇွဲကိုယူဆောင်လာခဲ့သည်။ ဒီနေ့အတွင်း ဆွေမျိုးများအိမ်သို့ ရောက်လိမ့်မည်ဟု ယူဆထားသော ချစ်ဇွဲကိုတစ်ယောက် သက်ပြင်းသာအကြိမ်ကြိမ်ချနေတော့သည်။ ချစ်ဇွဲကိုကားရပ်ထားသောနေရာနှင့် သူ၏ရွာသိပ်မဝေး ဟုထိုလူစိမ်းပြောခဲ့ပေမယ့်လည်း မသိသောလူစိမ်းတစ်ယောက်နောက်လိုက်နေရသော ချစ်ဇွဲကိုအတွက် လမ်းကရှည်ကြာနေသလို။ ဤလူသားနှစ်ယောက် ကြားရှိ တိတ်ဆိတ်မှုအား စတင်ဖြိုခွဲလိုက်သူမှာ ထိုလူစိမ်းပင်။
"မင်း နာမည်ဘယ်လိုခေါ်လဲ"
မသိသောသူစိမ်းတစ်ယောက်ကို ချစ်ဇွဲကို သူ၏နာမည်မပြောချင်ပေမယ့် သူကိုယ်တိုင်က ဤလူနောက်ကိုတောင် လိုက်လာပြီးဖြစ်သဖြင့်..
"ချစ်ဇွဲကို "
"ဟမ်..ချစ်သဲကို..ကျုပ်ကမင်းယောက်ျားထင်နေတာ.."
"...."
ထိုလူ၏ ပြုံးစိစိ မျက်နှာနှင့်အပြောကြောင့် ချစ်ဇွဲကိုဒေါသထွက်ရပြန်သည်။ ဤလူက သူ့ကိုလှောင်ပြောင်ဖို့မွေးဖွားလာလေသလော။
"ဇွဲဗျ ..ဇွဲ..ချစ်ဇွဲကို"
"အော်....မသိပါဘူး..ချစ်သဲကိုလို့ကြားလိုက်လို့..တောင်းပန်တယ်နော်..ဒါနဲ့မင်းနာမည်မှာလည်း ကျားကျားယားယားဆိုလို့ ဇွဲတစ်လုံးပဲပါတယ်နော်."
သူများနာမည်ကိုသေသေချာချာ မေးစေ့ပွတ်၍ ဝေဖန်နေသောအနှီသကောင့်သားအား စိတ်တိုလွန်း၍ ချစ်ဇွဲကိုမျက်နှာ ရှုံ့မဲ့လာပြန်သည်။
"ကျွန်တော့်ဘာသာကျွန်တော် ဘယ်လိုနာမည်မှည့်မှည့်ဗျာ..ခင်ဗျားအပူပါလား.."
![](https://img.wattpad.com/cover/233405689-288-k560760.jpg)
YOU ARE READING
ကြၽန္ေတာ့္ရဲ့ဖူးစာရွင္ ( ကျွန်တော့်ရဲ့ဖူးစာရှင် )[Completed]
Romanceရည်းစားတွေနဲ့ ခဏခဏပြတ်ပြီး အချစ်ရေးကံမကောင်းရှာသော ကောင်လေးတစ်ယောက်၏ ဖူးစာရှင်ရှာပုံတော်ဖွင့်ခန်း ရည်းစားတွေနဲ့ ခဏခဏပြတ်ပြီး အချစ်ရေးကံမကောင်းရှာသော ကောင်လေးတစ်ယောက်၏ ဖူးစာရှင်ရှာပုံတော်ဖွင့်ခန်း