<Unicode>
သူငယ်ချင်းနှစ်ယောက်၏ ဆွေးနွေးခန်းအပြီးနောက်နေ့တွင် ချစ်ဇွဲကိုတစ်ယောက် သူ၏ဖူးစာရှင်ရှာပုံတော်ဖွင့်လေသည်။ မြန်မာနိုင်ငံ အထက်ပိုင်း သူ့အဖေဦးသူရိန်ကို၏ဆွေမျိုးနီးစပ်များရှိရာ ဒေသများသို့သွားရောက်ရန် ချစ်ဇွဲကိုစဉ်းစားထားသည်။ သူအသက်(၂၁)နှစ်ရှိလေပြီ။ ဒီအချိန်ထိ သူ့ဖူးစာရှင်ကိုမတွေ့သေးရာ ရန်ကုန်မြို့တွင်တော့ ရှိဟန်မတူ။ ထို့ကြောင့် အခြားနေရာများသို့သွားရောက်ရှာဖွေရန် စဉ်းစားထားသည်။ သူရနှင့် စကားပြောရင်း ခရီးထွက်မည်ဟု စီစဉ်ထားခြင်းလည်း တစ်စိတ်တစ်ပိုင်း ပါသည်ပေါ့။ သူ့ဖူးစာရှင်ကို မြန်မာနိုင်ငံမှာမတွေ့လျှင် ပြည်ပသို့သွားရောက်ရှာဖွေရန်အထိ စဉ်းစားထားသေးသည်။ဖူးစာရှင်ရေ...မင်းရောက်မလာသေးလို့..ကိုယ်လာရှာပြီ...
စောင့်နေပါ..ကိုယ်အခုလာပြီ..အဖေဖြစ်သူကိုတော့ စိတ်ပြေလက်ပျောက်ခရီးထွက်သည်ဟု ပြောထားသည်။ နောက်မှ 'ဒီမှာ အဖေ့ချွေးမ'ဟု မိတ်ဆက်ပေးရင်း အံဩသွားအောင်လုပ်ချင်သည်လည်း ပါသကိုး။ သူရတစ်ယောက်ကတော့ ဘာလုပ်နေတယ်မသိ၊ ကိုယ့်သူငယ်ချင်းခရီးသွားတာကို လိုက်ပို့မယ့်အစား မနက်ကတည်းကကို ပေါ်မလာချေ။ နေပါစေလေ။ သူလိုက်မပို့လည်းဖြစ်တာပါပဲ။ ဒါပေမယ့် ဘယ်လောက်ပြန်ရောက်မလဲမသိတာကို လိုက်တော့ပို့သင့်တယ် မဟုတ်လား။
သူရအကြောင်းကို ဆက်မတွေးတော့ပဲ ချစ်ဇွဲကို သူ၏ဖူးစာရှင်ရှာသောခရီးကို စတင်ထွက်ခွာလေတော့သည်။ မြန်မာပြည်အထက်ပိုင်းမှာ အဖေအမျိုးတွေရှိသောဒေသများစွာရှိလေသည်။ မြို့တိုင်းမှာ ဆွေမျိုးရှိတယ် လို့ပင်ဆိုနိုင်သလောက် အဖေ့မှာဆွေမျိုးပေါချေသည်။ ချစ်ဇွဲကိုကလည်း သူ့အဖေ၏ဆွေမျိုးတိုင်းကိုမသိ။ ဘာကြောင့်ဆို သူ့အဖေ၏ဆွေမျိုးများမှာ ရန်ကုန်လာလည်တာလည်း ရှားလှသည်။ တစ်နှစ်နေမှ တစ်ခေါက်ပင်မရောက်။ ချစ်ဇွဲကိုငယ်ငယ်တုန်းကတော့ အဖေ့၏ဆွေမျိုးများ ခဏခဏလာလည်ပါသည်ဟု အဖေပြောဖူးသော်လည်း ထိုအချိန်ကငယ်လွန်းသေးသောကြောင့် ချစ်ဇွဲကိုမမှတ်မိ။ ချစ်ဇွဲကိုကသာမသိပေမယ့် အဖေ့ဆွေမျိုးတိုင်းက ချစ်ဇွဲကိုကိုသိကြတော့ သိပ်တော့ပြသနာမရှိပါ။
YOU ARE READING
ကြၽန္ေတာ့္ရဲ့ဖူးစာရွင္ ( ကျွန်တော့်ရဲ့ဖူးစာရှင် )[Completed]
Romanceရည်းစားတွေနဲ့ ခဏခဏပြတ်ပြီး အချစ်ရေးကံမကောင်းရှာသော ကောင်လေးတစ်ယောက်၏ ဖူးစာရှင်ရှာပုံတော်ဖွင့်ခန်း ရည်းစားတွေနဲ့ ခဏခဏပြတ်ပြီး အချစ်ရေးကံမကောင်းရှာသော ကောင်လေးတစ်ယောက်၏ ဖူးစာရှင်ရှာပုံတော်ဖွင့်ခန်း