<Unicode>
သန့်ရှင်းတောက်ပြောင်နေပြီး ဖိတ်ဖိတ်လက်လက်တောက်နေသော အခန်းအားကြည့်၍ ရှိုင်းဆွံ့အနေမိသည်။ အခန်း၏ မျက်နှာကြက်တွင်ရှိသော မီးဆိုင်းကြီးသည် ညအခါထွန်းလေ့ရှိသော သူ၏အိမ်မှဖယောင်းတိုင်မီးအား လှောင်ပြောင်လျက်ရှိသည်။ မျက်နှာကိုပြန်မြင်နေရလောက်အောင် ပြောင်လက်နေသော ကြမ်းပြင်ကို သူ၏အိမ်မှ မည်းညစ်နေသောသစ်သားကြမ်းခင်းလေးကမယှဉ်နိုင်။ ထိုင်လိုက်တာနဲ့ အိဝင်သွားသော နူးညံ့လှတဲ့ အိပ်ရာသည် သူအိပ်နေကြပါးချပ်နေသောဂွမ်းစောင်လေးနှင့် နှိုင်းယှဉ်လို့ပင်မရ။အိစက်ညက်ညောလှသော ခုတင်ပေါ်မှာထိုင်ရင်း ရှိုင်း အတွေးတစ်ခုတွေးမိသည်။
ငါ့ရဲ့အချစ်က တစ်ပတ်လောက် ဆိုးဆိုးဝါးဝါး ဆင်းဆင်းရဲရဲ နေခဲ့ရတာပါလား ..
ထိုသို့တွေးမိပြီး ရှိုင်း စိတ်မကောင်းဖြစ်သွားရသည်။ တစ်ဆက်တည်းမှာပင် ဆင်းရဲသောသူ၏ဘဝကြောင့် သိမ်ငယ်အားနည်းစိတ်က ပိုမိုပြင်းထန်လာသည်။ ရွာမှာသာ သူကြီးသားဖြစ်နေတာ ရန်ကုန်မှာ သာမညောင်ညထက်တောင် တစ်ဆင့်နိမ့်သေးပုံပဲ။
ဇွဲ သူ့အဖေနှင့်စကားပြောနေမည်ကို ပြန်သတိရပြီး ရှိုင်းစိတ်ပူသွားပြန်သည်။
"ချစ်ရယ်....အဆင်မှပြေရဲ့လား..."
••••••••••••••••••••••••••••••••••••••••••
ဇွဲ ကြားလိုက်ရသည်ကိုလုံးဝမယုံနိုင်ခဲ့။ သူ့အဖေက ယောက်ျားတစ်ယောက်ကို ချစ်ဖူးတယ်တဲ့လား။ တည်ကြည်ပြီး လေးစားစရာကောင်းတဲ့သူ့အဖေက ဂေးဖြစ်ခဲ့ဖူးတယ်တဲ့လား။...
"ဒီအကြောင်းတွေ သားဘယ်သိမလဲ..သိလည်းမသိစေချင်ခဲ့ဘူး..ဒါပေမယ့် ခုတော့သိမှဖြစ်လိမ့်မယ်"
ဦးသူရိန်ကိုက သက်ပြင်းတစ်ချက်ရှိုက်ပြီး သူ၏အတိတ်ဆီသို့ ဇွဲကိုခေါ်ဆောင်ရန် စတင်လိုက်သည်။
"အဲ့ဒီအချိန်တုန်းက အဖေက ဆယ့်ရှစ်နှစ်လောက်ပဲရှိအုံးမယ်..သားရဲ့အဖွားက အဖေကို အရမ်းစိတ်ပူတတ်တယ်...ဘယ်နေရာကိုမှ တစ်ယောက်တည်းမလွှတ်ဘူး...မင်းအဖွားကစိတ်ပူလို့ဆိုတာမှန်ပေမယ့် အဖေက ချုပ်ခြယ်တယ်လို့ခံစားရတယ်..မလွတ်လပ်ဘူး..စိတ်ကျဉ်းကျပ်တယ်..အဲ့ဒါကြောင့် တစ်နေ့မှာအဖေတစ်ယောက်ထဲ အိမ်ကခိုးထွက်ခဲ့တယ်...လမ်းပေါ်မှာတစ်ယောက်ထဲလွတ်လွတ်လပ်လပ်သွားနေရတော့ အဖေအရမ်းပျော်နေခဲ့တာ..အဲ့ဒီအချိန်တုန်းက အဖေတို့အိမ်နားကလမ်းက အရမ်းလူရှင်းတာ ..အဖေဝတ်ထားတဲ့တန်ဖိုးကြီးအဝတ်အစားတွေကြောင့် လူနှစ်ယောက်က အဖေ့ကိုလုယက်ဖို့ကြိုးစားခဲ့တယ်..လမ်းပေါ်မှာလူရှင်းနေတော့ အဖေအကူအညီတောင်းလို့မရခဲ့ဘူး..အိမ်ကခိုးထွက်လာတော့ ပိုက်ဆံမပါလာဘူး..ဒါကြောင့် သူတို့ကဒေါသထွက်သွားတယ်...ပိုက်ဆံမရတော့ အဖေ့အဝတ်အစားတွေကို ချွတ်ယူဖို့ကြိုးစားလာကြတယ်..
YOU ARE READING
ကြၽန္ေတာ့္ရဲ့ဖူးစာရွင္ ( ကျွန်တော့်ရဲ့ဖူးစာရှင် )[Completed]
Romanceရည်းစားတွေနဲ့ ခဏခဏပြတ်ပြီး အချစ်ရေးကံမကောင်းရှာသော ကောင်လေးတစ်ယောက်၏ ဖူးစာရှင်ရှာပုံတော်ဖွင့်ခန်း ရည်းစားတွေနဲ့ ခဏခဏပြတ်ပြီး အချစ်ရေးကံမကောင်းရှာသော ကောင်လေးတစ်ယောက်၏ ဖူးစာရှင်ရှာပုံတော်ဖွင့်ခန်း