Hi
extra မရေးတော့ဘူးတွေးထားပေမယ့် ရေးဖြစ်ခဲ့ပါပြီ😁
အကြောင်းအရင်းကတော့ သူရတို့အတွဲကို official ချပြချင်လို့ပါ.reader လေးတစ်ယောက်ပြောထားတာလည်းပါတာပေါ့။ သီတင်းကျွတ်မှာလက်ဆောင်လေးလည်းပေးချင်တယ်လေ. ကိုယ်အကြာကြီးပစ်ထားခဲ့မိတာလည်းတောင်းပန်ပါတယ်. ခုတော့ပြန်ရောက်လာပါပြီ😇. ကိုယ့်ကိုသတိရပြီးစောင့်နေခဲ့တဲ့ သူများရှိရင်ကျေးဇူးတင်ပါတယ်နော်-------------------------------
ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ အိပ်ချင်မူးတူးနဲ့ထိုင်ရင်း ဇွဲ အကြီးအကျယ်စိတ်ညစ်နေသည်။ ဇွဲကို စိတ်ညစ်အောင်လုပ်ထားတဲ့ တရားခံကတော့ အလိုက်ကမ်းဆိုးမသိ သူများအိမ်ကို အစောကြီးရောက်ချလာတဲ့ လဒကောင် သူရပင်။
သူရတို့ အလိုက်ကမ်းဆိုးမသိချက်ကတော့ လက်လန်သည်။ ညားခါစ ကြင်စဦးလင်မယားရဲ့အိမ်သို့ မနက်(၆)နာရီမထိုးခင် ရောက်ချလာတာသာကြည့်တော့။ နဂိုတည်းက ဇွဲရဲ့အိမ်ကို အချိန်မရွေးဝင်ထွက်နေခဲ့ပေမယ့် ခုအချိန်ကတော့ မတူဘူးလေ။
ဒီကောင် ငါ လက်ထပ်ပြီးပြီဆိုတာကို မေ့ထားတာလား??
တီးတောင် တီးတောင်နဲ့ လူခေါ်ဘဲလ်ကို အဆက်မပြတ်တီးနေတဲ့အသံကြောင့် ဇွဲ အိပ်ချင်မူးတူးနဲ့အတင်းကုန်းရုန်းထလာရတာမို့ စိတ်မကြည်။ ဆူပုတ်ပြီး ဂျိုကြည့်ကြည့်နေတဲ့ ဇွဲရဲ့အကြည့်တွေကို မမြင်ချင်ယောင်ဆောင်ထားတာလား တကယ်မမြင်တာလားမသိရသော သူရကတော့ အေးအေးဆေးဆေးနဲ့ လန်းဆန်းတက်ကြွနေသေးသည်။
"ဟိုလေ..ကိုသူရ ကော်ဖီသောက်မလား??"
ခုလေးတင် မျက်နှာသစ်ပြီး ပြန်ထွက်လာသော ရှိုင်းက လောကဝတ်ပြုလိုက်ခြင်းဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူရက ဧည့်သည်ပင်မဟုတ်ပေလော။ ဧည့်ခံရပေလိမ့်မည်။
"ကောင်းတာပေါ့ဗျ..သောက်မယ် သောက်မယ်..ဟိုလေ မုန့်လေးပါပြင်ပေးပါဗျ.. ကျွန်တော် ဗိုက်ဆာနေလို့"
ချစ်ဇွဲကို:"....."
ဒီကောင်ကတော့....
ခွန်းမာန်ရှိုင်း:"အာ ဟုတ်ပါပြီဗျ..ခဏစောင့်ပါနော်"
YOU ARE READING
Romanceရည်းစားတွေနဲ့ ခဏခဏပြတ်ပြီး အချစ်ရေးကံမကောင်းရှာသော ကောင်လေးတစ်ယောက်၏ ဖူးစာရှင်ရှာပုံတော်ဖွင့်ခန်း ရည်းစားတွေနဲ့ ခဏခဏပြတ်ပြီး အချစ်ရေးကံမကောင်းရှာသော ကောင်လေးတစ်ယောက်၏ ဖူးစာရှင်ရှာပုံတော်ဖွင့်ခန်း