<Unicode>
အရိပ်အာဝါသကောင်းသော ပိတောက်ပင်အောက်က ကွပ်ပျစ်လေးတွင် ထိုင်၍ ဇွဲတစ်ယောက် ရှိုင်းကိုစောင့်နေသည်။ မနက်အိပ်ရာသိမ်းပြီးကတည်းက ထွက်သွားတာပြန်မရောက်သေးပေ။ ပြန်လာရင် ဇွဲနဲ့အတူ ရွာထဲမှာလျှောက်သွားကြမယ်လို့ပြောသွားသေးသည်။ ဇွဲတစ်ယောက်ကတော့ ရှိုင်းနဲ့အတူဒိတ်လုပ်ရန်စောင့်နေခြင်းဖြစ်သည်။ စောင့်နေရင်းအနည်းငယ်ပျင်းလာသဖြင့် ကွပ်ပျစ်ပေါ်ကခြေထောက်ချ၍ သဲလေးတွေကို ခြေထောက်နဲ့ထိုးကော်ရင်း ဆော့နေမိသည်။ ထိုချိန်မှာပင် ရင်းနှီးသောအသံတိုးတိုးလေးတစ်ခုကိုကြားလိုက်ရပါသည်။"ချစ်.."
"...."
မခေါ်ပါနဲ့လို့ ပြောထားတဲ့ဟာကို...
ထိုအသံကိုကြားလိုက်သောဇွဲ၏မျက်နှာမှာ အနီရောင်လှိုင်းလေးများဖြတ်ပြေးသွားတော့သည်။ ဇွဲ ရှက်ရှက်နဲ့မော့ကြည့်လိုက်တော့ ရှိုင်းတစ်ယောက် ခြံစည်းရိုးအပြင်ဘက်ကကပ်၍ ဇွဲကိုလာခဲ့ရန် လက်လှမ်းပြနေသည်။ ချောမောသောမျက်နှာမှာလည်း အပြုံးတစ်ခုကိုတင်ဆောင်ထားသေးသည်။
လာပြီးတော့ ဝင်မခေါ်ဘဲနဲ့ ...
ဇွဲစိတ်ထဲကမကျေမနပ်ပြောနေမိပေမယ့် လူကခြံပြင်ကိုရောက်သွားချေပြီ။ ဇွဲအပြင်ရောက်လာတာနဲ့တစ်ပြိုင်နက် ရှိုင်း ဇွဲ၏လက်ကိုဆွဲ၍ ရွာအရှေ့ပိုင်းကို ပြေးပါတော့သည်။
"မြန်မြန်...လွတ်သွားလိမ့်မယ်"
"...."
ဇွဲ ရှိုင်းပြောတာနားမလည်ပေမယ့် တိတ်တိတ်ဆိတ်ဆိတ်ပဲ လိုက်လာခဲ့သည်။ ခဏကြာတော့ သစ်ပင်တော်တော်များများအုံဆိုင်းနေတဲ့နေရာလေးကိုတွေ့လိုက်ရသည်။
ဟမ်..ငါ့ကို တောအုပ်ထဲခေါ်ပြီးဘာလုပ်မို့ပါလိမ့်...
ဇွဲတစ်ယောက် အတွေးများပြီး လန့်နေတော့သည်။ ရှိုင်း တောအုပ်လေးထဲကို အနည်းငယ်ဝင်ပြီး တောစပ်နားကသစ်ပင်တစ်ပင်အောက်မှာနေရာယူလိုက်သည်။
"ဒီအချိန်လောက်ဆို တွေ့တတ်တယ်.."
"...."
ရှိုင်း ရှေ့နားက သစ်ပင်ခပ်ကြီးကြီးတစ်ပင်ကိုကြည့်ပြီး တစ်ယောက်တည်းရေရွတ်နေသည်။ ဇွဲကတော့ ခုထိနားမလည်နိုင်သေးပေ။
YOU ARE READING
ကြၽန္ေတာ့္ရဲ့ဖူးစာရွင္ ( ကျွန်တော့်ရဲ့ဖူးစာရှင် )[Completed]
Romanceရည်းစားတွေနဲ့ ခဏခဏပြတ်ပြီး အချစ်ရေးကံမကောင်းရှာသော ကောင်လေးတစ်ယောက်၏ ဖူးစာရှင်ရှာပုံတော်ဖွင့်ခန်း ရည်းစားတွေနဲ့ ခဏခဏပြတ်ပြီး အချစ်ရေးကံမကောင်းရှာသော ကောင်လေးတစ်ယောက်၏ ဖူးစာရှင်ရှာပုံတော်ဖွင့်ခန်း