<Unicode>
ကျဉ်းကျပ်ပြီးရှုပ်ထွေးနေသော စိတ်ကိုပြေလျော့စေမလား..ဆိုတဲ့အတွေးနှင့် ချစ်ဇွဲကိုတစ်ယောက် ဖူးစာရှင်ကို အော်ခေါ်မိသည်။ အဲ့လို အားနဲ့မာန်နဲ့အော်လိုက်ရင်တော့ဖြင့် စိတ်သက်သာရာရမယ်လို့ တွေးထင်ခဲ့သော ချစ်ဇွဲကို၏ အတွေးများမှာ တစ်စုံတစ်ရာကြောင့် ပျောက်ကွယ်သွားခဲ့ရသည်။ ထိုတစ်စုံတစ်ရာသည်ကား သူ၏အော်ခေါ်သံအဆုံး ကြားလိုက်ရသော ခပ်မြူးမြူးထူးသံလေးပင်။"ဗျာ.."
ထိုအသံကိုကြားလိုက်ရသောချစ်ဇွဲကိုတစ်ယောက် အူကြောင်ကြောင် ဖြစ်သွားလေသည်။
ဘာလားဟ..."ဗျာ.." ဆိုပါလား.."ရှင်.." ဖြစ်ရမှာလေ..
နားမလည်နိုင်သောအမူအရာဖြင့် အသံကြားရာ သူ၏အနောက်ဘက်သို့ ချစ်ဇွဲကိုဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်မိသည်။ သူမြင်လိုက်ရတာကတော့...ကုက္ကိုပင် တစ်ပင်၏ပင်စည်ကိုမှီလျက် ပြီတီတီမျက်နှာပေးနှင့် ပြုံးစစ လှမ်းကြည့်နေသော အသားညိုသည့်ကောင်လေးတစ်ယောက်။ ချစ်ဇွဲကိုလှမ်းကြည့်လိုက်တော့ ထိုသူ၏အပြုံးကပိုပီပြင်လာပြီး မထိန်းနိုင်စွာ အော်ရယ်ပါတော့သည်။
"ဟားဟား..ဟား"
ထိုသူ၏လှောင်ပြောင်ရယ်သံကြောင့် ချစ်ဇွဲကို၏မျက်နှာချောချောမှာ ဒေါသကြောင့် ရှုံ့မဲ့နေလေပြီ။
"မင်း...မင်းဘာရယ်တာလဲ"
ချစ်ဇွဲကို၏မကျေမနပ်အမေးကိုပြန်မဖြေပဲ လက်သာခါပြပြီး ဗှိုက်နှိပ်၍ရယ်နေသော အနှီသကောင့်သားကို ချစ်ဇွဲကိုစိတ်ကူးထဲတွင် ဆယ်ခါပြန်သတ်ပြီးနေလေပြီ။ ဒေါသဖြစ်သည်မှာမှန်သော်လည်း ဒီလိုကိစ္စကြောင့် လူသတ်ရသည်အထိ ချစ်ဇွဲကိုမမိုက်မဲ။ ကိုယ်က ခံစားချက်တွေနဲ့အပီအပြင်ပေါက်ကွဲမိတာကို မသိသောသူစိမ်းတစ်ယောက်က အော်ရယ်နေလေလျှင် သင်တို့လည်းဒေါသထွက်မိမည်မဟုတ်ပါလား။ ထို့ကြောင့် ချစ်ဇွဲကိုဒေါသထွက်စွာဖြင့် ထိုသူကို ကုန်းအော်လိုက်သည်။
"ဟေ့..ခင်ဗျား ဘာရယ်တာလဲလို့.."
ထိုမှသာ ထိုလူသည် အရယ်ရပ်ပြီးပြန်ဖြေလေသည်။ ရယ်လွန်းလို့ ထွက်နေသော မျက်ရည်များကို သုတ်ရင်းနဲ့ပေါ့။
YOU ARE READING
ကြၽန္ေတာ့္ရဲ့ဖူးစာရွင္ ( ကျွန်တော့်ရဲ့ဖူးစာရှင် )[Completed]
Romanceရည်းစားတွေနဲ့ ခဏခဏပြတ်ပြီး အချစ်ရေးကံမကောင်းရှာသော ကောင်လေးတစ်ယောက်၏ ဖူးစာရှင်ရှာပုံတော်ဖွင့်ခန်း ရည်းစားတွေနဲ့ ခဏခဏပြတ်ပြီး အချစ်ရေးကံမကောင်းရှာသော ကောင်လေးတစ်ယောက်၏ ဖူးစာရှင်ရှာပုံတော်ဖွင့်ခန်း