Unicode*****
"အောက် ..အီး....အီး...အွတ်....."
"ဒုန်း ....ဒုန်း......ဒုန်း......."
"ကျွတ်"
မှိုင်း ခြင်ထာင်ထဲကနေ စောင်ကိုခေါင်းမြှီးခြုံပြီး
နားကိုပိတ်ထားနေတယ်။ ဒါလဲမရပြန်ဘူး ။
ကြက်ဖတွေကတစ်ကောင်ပြီး တစ်ကောင် အဆက်
မပြတ်တွန်နေကြလို့ အပြင်ထွက်ပြီးသတ်စားချင်စိတ်တွေပေါက်လာတယ် ။မီးဖိုကနေထွက်လာတဲ့ ဖွားရဲ့ငရုတ်ဆုံထောင်းသံတဒုန်းဒုန်းကလဲ အိမ်ပင်ပြိုကျမတတ်။"ကျွတ် "
ဆက်လဲအိပ်မရတော့မဲ့ တူတူ မှိုင်း အိပ်ရာကနေ
ထလိုက်ရတယ် ။ဖွားရှိတဲ့မီးဖိုကို ရောက်သွားတော့ ကြမ်းပြင်ကျဲကျဲလေးပေါ်မှာ ကျုံ့ကျုံ့လေးထိုင်ပြီး ထမင်းဟင်းချက်နေတဲ့ ဖွားကိုမြင်ရပြန်တော့လည်း အိပ်ရေးမ၀လို့မကြည်မလင်ဖြစ်နေတဲ့ စိတ်တွေ ပျောက်သွားပြန်တယ်။အရိုးကျီးပေါင်းဖြစ်နေလို့ ခြေထောက်မကောင်းတဲ့ဖွားက မနက်အစောကြီးထပြီး မှိုင်းစားဖို့ ချက်ပြုတ်ပေးနေတာပါ။ဖွားကို အေးဆေးနေနိုင်အောင် ထားနိုင်တဲ့အရည်အချင်းက မှိုင်းဆီမှာ မရှိသေးတာဖြစ်လို့ စိတ်မကောင်းဖြစ်နေမိတယ်။မီးဖိုအပေါက်လေးကနေ ဖွားကိုကြည့်ပြီး
သနားမိလို့ သက်ပြင်းငွေ့ငွေ့ကိုသာ ရှိုက်ထုတ်လိုက်
တယ်။" အဲ...
မြေး ...နိုးပြီလား
ဆူညံသံကြောင့်အိပ်မရပြန်ဘူးလား"မှိုင်း ခေါင်းက ဆံပင်ကို ထိုးဖွလိုက်ပြီး
"ရိုးနေပါပြီ ဖွားရယ်
ဒါနဲ့ ဘာဟင်းချက်လဲ ဖွား ""မြေး နဲ့ သုတ ညက ဖမ်းလာတဲ့ ငါးမုတ်ကို
ဆီပြန်ချက်ထားတယ် ပင်လယ်မှော်နဲ့ ကုလားပဲ
ဟင်းရည်""ဂွီ"
ဖွား တစ်ယောက်သူချက်ထားတဲ့ဟင်းတွေရွတ်ပြတာနဲ့ မှိုင်းဗိုက်ထဲကအကောင်က ထအော်နေပြီ။ ဒါကို ဖွားက သဘောကျသလိုရယ်နေပြန်တယ်။
" အဟင်း
ဖွားသိတယ် မြေးက မျက်လုံးပွင့်တာနဲ့
ဗိုက်ဆာတတ်တာ""ဟုတ် တယ်... ဟီး ဟီး
မှိုင်း ရေချိုးလိုက်ဦးမယ်
ပြီးရင် အကင်တွေ လုပ်ပေးနော်ဖွား
ဒီနေ့အကင်တွေအပြတ်၀ယ်မဲ့ ဧည့်သည်တစ်ယောက်ရှိတယ် ဖွားရဲ့ ..နောက်ပြီး သူ့လည်ချင်တဲ့နေရာကိုလိုက်ပို့ပေးရင် မုန့်ဖိုးပေးမှာတဲ့
အဲ့ဒါ မှိုင်းနဲ့သုတသွားရမယ်"
YOU ARE READING
WHERE ARE YOU ?
Romanceဆုံဆည်းဖို့အကြောင်းကံပါလာရင် ဆုံကိုဆုံရမယ် မဟုတ်လား သံသရာတစ်ပတ်ပြန်လည်လာရင် ကြွေဝတ်မှုန်ဆိုတဲ့ နင်နဲ့ ပြန်ဆုံချင်တယ်။