21

4K 253 3
                                    

အခန်း ၂၁

ငြိမ့်ညောင်းတဲ့တေးသံစဥ်နဲ့အတူDisco မီးရောင်တွေအောက်မှာ ကနေတဲ့သူတွေကိုငေးကြည့်ရင်း လက်ထဲကဖုန်းကို ကြည့်နေခဲ့တယ်။သင်တန်းကာလပြီးသွားတာကြောင့် ဆေးရုံအုပ်ကClub မှာ နုတ်ဆက်Party လုပ်ပေးတာပဲဖြစ်ပါတယ်။မှိုင်း က ပညာတော်သင် တစ်နှစ်ပဲဖြစ်လို့ နောက်တစ်ပတ်ဆိုရင်မြန်မာပြည်ပြန်ရတော့မည်။ပြိုလဲနေတဲ့စိတ်တွေ ၊ပြန်ဆက်မရအောင် ကွဲကြေနေတဲ့နှလုံးသားနဲ့အတူ မြန်မာပြည်ကနေ ကိုးရီးယားကို ပညာတော်သင်အ
နေနဲ့ တစ်နှစ်လာခဲ့တာပဲဖြစ်တယ်။တစ်နှစ်ကြာခဲ့ပြီဆိုပေမယ့် ခံစားနေရတဲ့ဝေဒနာတွေဟာ အနည်ထိုင်
ရုံသာရှိပါသေးတယ် ။

ကြွေ့ ကိုဒီနေ့အထိသတိရတယ် ။ လွမ်းတယ် ။
Darling ဆိုပြီး ချွဲနွဲ့တဲ့အသံလေးကိုလည်း လွမ်းနေခဲ့ရတာ ရူးမတတ်ပါပဲ။

လည်ပင်းမှာ ကြွေ ပေးထားတဲ့ ဆွဲကြိုးကိုဒီနေ့အထိမဖြုတ်ခဲ့ပါ ။ ထို့အတူ ကြွေ ပေးထားတဲ့Apple Watch ကိုလည်း လက်မှာဆက်ပြီးပတ်ထားနေဆဲပါပဲ။ ဖုန်းပြောင်းကိုင်တာတောင် ကြွေ ပေးတဲ့ AppleWatch နဲ့အဆင်ပြေမဲ့ Iphone ကိုပဲဆက်ကိုင်နေခဲ့တာ။

အလုပ်ထွက်ခိုင်းတဲ့ ဖိုးဖိုး ရဲ့ဆန္ဒကိုမလိုက်လျောနိုင်
တော့ဘဲ ဆရာ၀န်အလုပ်ကို ဆက်လုပ်နေခဲ့တယ်။
ထပ်တိုးချဲ့လိုက်တဲ့ စပျစ်ခြံနဲ့၀ိုင်လုပ်ငန်းကို ခွန်အာင်စိုးနဲ့ သုတ တို့နှစ်ယောက်ကိုအပ်ခဲ့တယ်။ ကိုဇော် ကတော့ ဖိုးဖိုး နဲ့အတူ စက်ရုံအလုပ်ကိုကူပေးနေတာဖြစ်လို့ မှိုင်း ကိုးရီးယား ကိုထွက်လာခဲ့တယ်။ကိုးရီးယားမလာခင်မှာပဲ မိလုံးတသ်ယောက် ဗိုက်နာလို့ ကလေးမွေးပေးခဲ့ရသေးတယ် ။ ကိုဇော်နဲ့မိလုံး တို့ရဲ့ ကလေးမှာ မိန်းခလေးဖြစ်တာကြောင့် လင်မယားနှစ်ယောက်လုံး၀မ်းသာနေကြတာ။မှိုင်း ပြိုလဲနေတဲ့အချိန်မှာ ၀ိုင်း၀န်းဖြေသိမ့်ပေးကြတဲ့ ဖိုးဖိုး အပါအ
၀င် အားလုံးကို မှိုင်းကျေးဇူးတင်နေရတယ်။ အထူးသဖြင့် ငု၀ါ ပေါ့။ စားဖို့သောက်ဖို့အတွက် အရိပ်တကြည့်ကြည့်နဲ့ စီစဥ်ပေးခဲ့တယ်။ မြန်မာပြည် ပြန်မတယ်ဆိုတာကလည်း ငု၀ါ မင်္ဂလာဆောင်ကိစ္စပါတယ်။ မှိုင်း အရင်လုပ်တဲ့ဆေးရုံ က ဆရာ၀န်ဖြစ်တဲ့
ဒေါက်တာငြိမ်းချမ်းနဲ့ ငု၀ါ တို့ ချစ်သူတွေဖြစ်ခဲ့ပြီး လာမယ့် နောက်တစ်ပတ်ထဲမှာ လက်ထပ်ကြတော့မှာပဲ ဖြစ်တယ်။ ကိုးရီးယားရောက်ပြီး စာတွေပဲကျက်နေရလို့ ခေါင်းကိုက်နေပြီ ။ပျင်းလည်းပျင်းနေပြီ။အခုချိန်ထိ ကြွေ့ရဲ့သတင်းလည်းထပ်မကြားရတော့ပါ။လရိပ် ကိုမေးရင် မဖြေဘူး ။ချိုရီဝေ ကိုမေးရင်လည်းမဖြေပြန်ဘူး။ သူတို့ရဲ့အမြင်မှာ မှိုင်းဟာ သွေးကြောင်ပြီးသတ္တိနည်းခဲ့တဲ့သူတစ်ယောက်ဖြစ်နေခဲ့တာ မဟုတ်ပါလား။

WHERE ARE YOU ?Where stories live. Discover now