14

6K 280 2
                                    

Unicode...

*****

ညကအိပ်တာနောက်ကျတာကြောင့် မနက်ကို
ဒေါ်နန်းမိုင် လာပြီးနိုးတဲ့အခါမှ နိုးလာခဲ့တယ်။
တော်သေးတယ် မဟုတ်ရင်လေယာဥ်ချိန်နောက်ကျမှာသေချာတယ်။ကြွေ့ ဆီကို Happy Birthday လို့Massange တစ်စောင်ကိုပို့ထားလိုက်တယ်။
ကြွေ၀တ်မှုန် ဆိုတဲ့အိတ်ပုတ်လေးကထမှာမဟုတ်သေးပါ။မနက်အိပ်ယာထရင်ရေမချိုးရရင် မနေနိုင်တဲ့အကျင့်ရှိနေတာမလို့ ရေကိုအရင်ချိုးလိုက်သည်။
ပြီးတာနဲ့Luggage ကိုယူပြီးအောက်ထပ်ကိုဆင်းလာခဲ့တယ်။

"ဖြည်းဖြည်း မပြီး ကားပေါ်တင်လိုက်နော်
အရမ်းမ မ နဲ့ ကိုယ်၀န်နဲ့ဆိုတော့"

"ရပါတယ် မ နေကျပဲ ကို သွားပါ
မနက်စာစားဖို့ ဖိုးဖိုးစောင့်နေပြီ"

"အေးပါဟာ"

Luggage ကို မလုံးက ကားပေါ်တင်ပေးတာကြောင့်ထမင်းစားခန်းထဲ၀င်လိုက်ပြီးဖိုးဖိုးနဲ့အတူမနက်စာကိုအတူတူထိုင်စားလိုက်တယ်။

"မြေး ဘယ်ရက်ပြန်လာမလဲ "

"နှစ်သစ်ကူးပြီးမှပြန်လာမယ် ဖိုးဖိုး"

"ပြန်လာရင် သမီးကြွေကို ခေါ်ပြန်လိုက်လာနော်
ဖိုးဖိုး သမီးကြွေ ကိုပြောစရာရှိတယ်"

"ဘာပြောမလို့လဲဖိုးဖိုး"

"ရောက်လာတဲ့အချိန်မှပြောမယ်လေ မြေးရဲ့"

"ဟုတ်ကဲ့ပါ
အော် ..ဖိုးဖိုးကိုပြောဦးမယ်
မြေး ငွေဆောင်ကိုခဏပြန်ပြီး အဖွားရယ်
အဖေနဲ့အမေ တို့ကို အလှူပြန်လုပ်ပေးပြီးရင်
သူတို့ရဲ့အုတ်ဂူတွေပြင်ပေးချင်တယ်
အဖေနဲ့အမေတို့ကအုတ်ဂူတောင်မလုပ်နိုင်ဘူးလေ
အခု မြေးပြန်ပြီးလုပ်ပေးမလာလို့"

"ကောင်းတယ်မြေး ကောင်းတယ်
ငွေလိုရင်ပြောနော်ဖိုးဖိုးထုတ်ပေးမယ်"

"မလိုဘူး ဖိုးဖိုး
မြေးဆီမှာစုထားတာတွေရှိတယ်"

"မလိုလဲ မြေး Bank Account ထဲထည့်
ထားပေးမယ် လိုတဲ့အချိန်မှထုတ်သုံးပေါ့"

"ဟုတ်ကဲ့ဖိုးဖိုး"

မနက်စာစားပြီးတာနဲ့ Driver ကိုဇော်နဲ့ပဲ ဟဲဟိုးလေဆိပ်ကိုလိုက်ပို့ခိုင်းလိုက်တယ်
ကြွေပေးထားတဲ့လက်ပတ်နာရီကို ကြည့်တော့
၈နာရီးထိုးခါနီးပြီမို့ ကြွေ့ဆီဖုန်းဆက်လိုက်တယ်

WHERE ARE YOU ?Where stories live. Discover now