10

6K 302 4
                                    

Unicode....

*****

ဆုံဆည်းရမယ့် အကြောင်းကံပါလာတဲ့သူ
ဒီကမ္ဘာပေါ်မှာရှိမယ်ဆိုရင်
ဆုံကိုဆုံမှာပါ....။

*****

"နင့်ကိုငါ ချစ်တယ် မှိုင်း ...
အရင်ကလဲချစ်တယ် ခုလဲချစ်တယ်"

"ကြွေ..ရယ် ချစ်နေရက်သားနဲ့ကွာ.."

ကြွေ မှိုင်းရဲ့ လည်တိုင်ကို မလွှတ်သေးသလို မှိုင်းလဲ ကြွေ့ ခါး လေးကိုပြန်မလွှတ်သေးပါ။ချစ်ရတဲ့ ကြွေ့မျက်နှာလေးကိုသာ တစိမ့်စိမ့်ကြည့်နေမိတယ်။ဒီမိန်းကလေးအား မှိုင်း ဆယ်နှစ်လုံးလုံးမြတ်နိုးတန်ဖိုးထားရသည် မဟုတ်ပါလား။

"မချစ်ဘူးလို့ငါပြောမိလို့လား မှိုင်း"

"ဟင့်.အင်း..
မပြောခဲ့ပါဘူး.."

"တိမ်ညိုမှိုင်း"

"ဟင်..ကြွေ.."

"ငါ့ကို ဘယ်အချိန်က စချစ်ခဲ့တာလဲ"

"အင်း...
အကင်၀ယ်ချင်လို့ ဆိုတဲ့
အသံလေးကိုစကြားတဲ့အချိန်ကတည်းက
ဘယ်လိုပြောရမှာလဲ ...Second ပိုင်းအတွင်း
မှာချစ်သွားတာ "

"Really ??"

"Yeah ! "

"ငါကလေ နင့်ကိုအုန်းပင် အောက်မှာ
အကင်ဗန်းလေးချပြီးရေဗူးမော့သောက်
နေတဲ့အချိန်ကတည်းက ချစ်တာ သိလား "

"ဟုတ်လား"

"အင်း ပေစုတ်စုတ်နဲ့ အကင်ရောင်းနေတဲ့
နင့်ကို ငါစမြင်လိုက်တာနဲ့ ငါ့ရင်ထဲ အရမ်းသနား
တာပဲ ၀တ်ထားတဲ့ ဂျင်းဘောင်းဘီ အစုတ်နဲ့ရှပ်
အင်္ကျီ အနွမ်းလေးကို ကြည့်ပြီး စိတ်မကောင်းဘူး"

"အခုရော မသနားဘူးလား
ချစ်နေရက်သားနဲ့ တစ်ပတ်လောက်
စောင့်ခိုင်းထားတာ"

"မသနားဘူး မုန်းဖို့ကောင်းတယ်သိလား"

"အံမယ် ခုကျတော့မုန်းတယ်ပေါ့လေ"

"ဟုတ်တယ် မုန်းတယ် အရမ်းမုန်းတယ်"

"ဟာ...အသဲယားနေပြီကွာ ..."

"အင့်..."

နှုတ်ခမ်းစူပြီး ချစ်စရာကောင်းအောင်ရန်တွေ့နေတဲ့
ကြွေ့ ရဲ့နူးညံ့တဲ့ နှုတ်ခမ်းနှစ်လွှာကို ညင်သာစွာ စုပ်ယူလိုက်တယ်။

WHERE ARE YOU ?Where stories live. Discover now