Unicode...
~~~~~
ဂျပန်စားသောက်ရဲ့သီးသန့်အခန်းကိုသာယူလိုက်ကြတယ်။ မှိုင်း ဂျပန်ရိုးစားပွဲခုံပုနဲ့ ဖျာပေါ်မှာထိုင်ပြီး
စားချင်တယ်ဆိုတာနဲ့ ကြွေ သီးသန့်အခန်းကိုယူပေးလိုက်တာပါ။ စားပွဲရဲ့တစ်ဖက်ခြမ်းမှာ မှိုင်း ကြွေ နဲ့အတူတွဲထိုင်နေပြီး နောက်ကနေလိုက်၀င်လာတဲ့ ဒယ်နီရယ်ကတော့ ကြွေနဲ့မျက်နှာချင်းဆိုင်နေရာမှာထိုင်နေပါတယ်။"ဒယ်နီရယ် အဆင်ပြေတာမှာလိုက်ပါ"
"ကြွေတို့လဲစားချင်တာ မှာလေ တစ်ယောက်နဲ့
တစ်ယောက်အကြိုက်မတူဘူးဆိုတော့လေ""ဟုတ်ကဲ့ ဒယ်နီရယ်
ကျမ ကတော့ မစားတာသိပ်မရှိလိုဘူးလေ""အင်းပါ ကိုယ့်ကို Kasai Don ပဲမှာပေးပါ ကြွေ"
"ဟုတ်ပြီ မှာပေးမယ်နော်
မှိုင်းရော ဘာစားမှာလဲ ဘာမှာပေးရမှာလဲ""Tonhatsu Se -To (Deep -Fired pork Set)
နဲ့ Green Tea ဆိုရပြီကြွေ ""အင်း ငါတော့ ခေါက်ဆွဲပဲစားလိုက်တော့မယ်
Soba Noodle Cold နဲ့ Green Tea "Waiter ကို မှာစရာရှိတာမှာပေးပြီး ဒယ်နီရယ် ကိုအားနာနေတာနဲ့ စကားတွေပြောပေးနေရပါတယ်။ အမှန်တော့ မှိုင်း နဲ့သာအေးဆေးစကားပြောချင်တာပါ။ ဒယ်နီရယ် ပါလာတော့ပြောရမှာ အဆင်မပြေတော့ဘူး။
စကားပြောနေရင်းနဲ့မှာထားတာတွေ ရောက်လာတာနဲ့စကားပြတ်ပြီးစားစရာရှိတာတွေကို စားနေလိုက်ကြတယ်။
"တိမ်ညိုမှိုင်း နဲ့ ကြွေ ကဘယ်လိုသိကြတာလဲ
ကြွေ ရန်ကုန်ရောက်ပြီးမှခင်ကြတာလား"ကြွေ စားလက်စခေါက်ဆွဲကို မြိုချပြီးမှ
"ခုမှခင်တာမဟုတ်ဘူး ကြွေ အမေရိကား
မပြောင်းခင်ကတည်းက တွေ့တာပါ""သြော် ကိုယ်ကအခုမှခင်ကြတယ်ထင်လို့"
မှိုင်း စားနေရင်းနဲ့ အကဲခတ်ကြည့်နေတဲ့အခါ
ကြွေ ကမျက်ရိပ်တစ်ချက်ပြနေတယ်။ ဘာမှန်းတော့ နားမလည်ပါ ။မိတ်ဆွေလို့ပဲ ကြွေက ဒယ်နီရယ် ကိုအသိပေးချင်နေတာလား။ဒါမှမဟုတ် မပြောပြချင်တာလား စဥ်းစားရင်းခေါင်းရှုပ်နေမိပါတယ်။ စားနေတဲ့ အသားကင်ရဲ့အရသာဟာ ဘာမှန်းမသိတော့ပါ။
YOU ARE READING
WHERE ARE YOU ?
Romanceဆုံဆည်းဖို့အကြောင်းကံပါလာရင် ဆုံကိုဆုံရမယ် မဟုတ်လား သံသရာတစ်ပတ်ပြန်လည်လာရင် ကြွေဝတ်မှုန်ဆိုတဲ့ နင်နဲ့ ပြန်ဆုံချင်တယ်။