20

4K 246 1
                                    

16 , January, 2020 year,

Soul City, South Korea (Republic of Korea).

*********

"ကလင်.....ကလင်.....
ကလင်....."

Alarm Clock ရဲ့ အချက်ပေးသံကြောင့် လန့်နိုးလာခဲ့တယ်။သွားစရာနေရာလေးတစ်နေရာ ရှိတာဖြစ်လို့မနက် (၅) နာရီကို Alarm ပေးထားခဲ့တာပါ။ Aircon အနွေးကိုတင်ထားပေမဲ့ Korea နိုင်ငံ မှာဆောင်းတွင်းဆိုရင် အအေးလွန်ကဲနေတာကြောင့်စောင်ပုံထဲကနေမထွက်ချင်ခဲ့ပါ။

"အင်း...."

မထွက်ချင်လို့လည်းမရတော့ပါ။ သွားဖို့အချိန်မှာ နီးကပ်လာပြီမဟုတ်လား ။အိပ်ယာထဲကနေထပြီးပြင်ဆင်စရာရှိတာတွေပြင်ဆင်ခဲ့တယ်။အားလုံးပြင်ဆင်လို့ပြီးသွားတဲ့အခါ ကော်ဖီစက်ဖြင့် Latteတစ်ခွက်ကိုနို့များများနဲ့ဖျော်လိုက်တယ်။ကော်ဖီထည့်တဲ့ အပူခံ Steel ဗူးထဲကိုလောင်းထည့်ပြီးဗူးအဖုံးကိုသေချာစွာပြန်ပိတ်ထားလိုက်သည်။လည်ပင်းထိပိတ်တဲ့ ဆွယ်တာအင်္ကျီခဲရောင်ကို၀တ်ပြီး အပေါ်ကနေ သားမွေးပါတဲ့ Long Coat အနက်ရောင်အင်္ကျီကိုထပ်လိုက်တယ် ။Slim fit levi's ဂျင်းပြာရောင်ဘောင်းဘီနဲ့လိုက်မ့
Temberland သားရေဖိနပ်လည်ရှည်ကိုစီးလိုက်တယ် ။အပြင်ထွက်ခါနီး လုပ်နေကျအတိုင်း အခန်းတံခါးကို Lock ချပြီးမှ ဓါတ်လှေခါးဘက်ထွက်လာခဲ့သည်။

မြေညီထပ်ကိုရောက်တာနဲ့ Slide Door ကိုဆွဲဖွင့်ပြီးအပြင်ကိုထွက်လိုက်တယ်။အပြင်ကိုရောက်တဲ့အခါချမ်းစိမ့်နေတဲ့ Soul မြို့ရဲ့အအေးဓါတ်က၀တ်ထားတဲ့ အနွေးထည်ထဲကိုစိမ့်၀င်တဲ့အထိအေးစက်နေတယ်။ နီယွန်မီးရောင်တွေထိန်ထိန်လင်းနေပေမယ့်လည်း ဆောင်းမနက်ခင်းဖြစ်တာကြောင့် လမ်းမကြီးတ်လျောက် မြူတွေဆိုင်းမှိုင်းပြီးပိတ်နေခဲ့တယ်။

"‌ချမ်းလိုက်တာကွာ"

သိုးမွေးခေါင်းစွပ်ဦးထုပ်ကို နားရွက်လုံအောင်ဆွဲချကာလက်ထဲကိုင်လာတဲ့ကော်ဖီဗူးကို တစ်ငုံမော့သောက်ခဲ့ပြီးမှ လက်ဖ၀ါးနှစ်ဖက်ဖြင့်အနွေးဓါတ်ရအောင်ကိုင်ထားလိုက်သည်။မြူနှင်းတွေပိတ်နေတဲ့ ကြားကနေလမ်းလျှောက်လာခဲ့ပြီး မြေအောက်ရထားရှိတဲ့ဘူတာရုံကိုထွက်လာခဲ့သည်။

WHERE ARE YOU ?Where stories live. Discover now