Unicode...
~~~~~
မြေပြန့်နဲ့တောင်ပေါ်ဒေသရဲ့ ရာသီဥတုကွာခြားပုံမှာ
ရန်ကုန်ကနေ ဟဲဟိုး လေဆိပ်ကို လေယာဥ်ဆိုက်တာနဲ့သိသာလာတာပါပဲ။အနွေးထည်ကိုထပ်၀တ်ပြီးမှ ကြွေနဲ့မှိုင်း လေယာဥ်ပေါ်ကနေဆင်းလာခဲ့ကြသည်။"လာ... Babe အရှေ့မှာစောင့်နေ ကိုယ်အိတ်တွေ
ယူလာပေးမယ်""ဟင့်အင်း... အတူတူသွားမယ်လေနော်
ကိုဇော်လဲ တောင်ကြီးကနေအဆင်းမှာမြူတွေပိတ်
လို့ ဖြည်းဖြည်းပဲမောင်းလာတယ်ပြောနေတာကို
တစ်ယောက်တည်းမစောင့်ချင်ပါဘူး
Darling နဲ့အတူတူသွားမယ်""အင်းပါ ဒါဆို အနားကိုလာနေ လေတွေအရမ်းတိုက်တယ် အင်္ကျီကိုလည်ပင်းထိပိတ်ထားပါ
ဆိုနေကွာ ရန်ကုန်ကပူတယ် ရုတ်တရက်
ဟဲဟိုးကို ရောက်တော့အပူအအေးမမျှဘူး
ဖျားမှာစိုးတယ်"ပြောလဲပြော ကြွေ့ အပြင်ဂျာကင်အင်္ကျီကိုဇစ်အဆုံးထိဆွဲပိတ်ပေးနေတဲ့ မှိုင်းကိုကြည့်ပြီး ကြွေ ပြုံးနေမိတယ်။မှိုင်းရဲ့ဂရုစိုက်မှုတွေကို ကြွေ ကျေနပ်မိတာအမှန်ပါ။
ရန်ကုန် - ဟဲဟိုး လေယာဥ်မှာ မနက်( ၇) နာရီ
ထွက်မယ့် လေယာဥ်ပဲရှိတာကြောင့် ဟဲဟိုးကို
ရောက်တဲ့အချိန်မှာ တောင်ကျောတစ်လျှောက်မြူနှင်းတွေပိတ်နေခဲ့တယ်။လေယာဥ်ချက်ချင်းဆင်းလို့မရပါ။ သတ်မှတ်ထားတဲ့အချိန်ထက် အနည်းငယ်နောက်ကျပြီးမှ လေယာဥ်ဆင်းလို့ရခဲ့သည်။"လာ အိတ်ယူပြီးပြီး သွားရအောင်"
"အင်း သွားမယ်လေ"
နှစ်ယောက်သား Luggage တစ်လုံးစီဆွဲပြီးအပြင်ဘက်ကိုအတူထွက်ခဲ့ကြတယ်။အပြင်ရောက်တဲ့အခါ ကိုဇော် ရောက်မလာသေးပါ။
"ဖုန်းဆက်ကြည့်ပါဦး Darling
ကိုဇော် ဘယ်နားရောက်နေပြီလဲလို့""အင်း ဆက်ကြည့်မယ် ခဏလေးနော်"
"အင်းပါ"
မှိုင်း ဖုန်းထုတ်ပြီး ကိုဇော်ဆီကိုဆက်ကြည့်နေတယ်။
"ဟုတ်ပြီ စောင့်နေမယ်နော်
ရပါတယ်ဗျာ ....ရောက်တော့မှာပဲကို...
Ok ဒါပဲနော် ...ကိုဇော် "
YOU ARE READING
WHERE ARE YOU ?
Romanceဆုံဆည်းဖို့အကြောင်းကံပါလာရင် ဆုံကိုဆုံရမယ် မဟုတ်လား သံသရာတစ်ပတ်ပြန်လည်လာရင် ကြွေဝတ်မှုန်ဆိုတဲ့ နင်နဲ့ ပြန်ဆုံချင်တယ်။