6

4.6K 321 1
                                    

Unicode

*****

ချစ်နေချိန်တုန်းကလဲချစ်ခဲ့တယ်
ဝေးခဲ့ချိန်တွေမှာလဲချစ်ခဲ့တယ်
ချစ်မြဲ ...ချစ်ဆဲ.. ပါ
ကြွေ...

~~~🍁~~~

"အေး သုတရေ မင်းညီမကိုငါမတွေ့ဘူး
E.S.E ကားလို့မင်းပြောတာနော် ကားက၀င်နေပြီ
ငါရှာမတွေ့ဘူး"

"ငါမင်းဖုန်းနံပါတ်သူ့ကိုပေးထားတာလေ
အဲ့ငု၀ါဟာလေ ...မင်းကိုဖုန်းမဆက်ဘူးလား"

"ဆက်ရဲမလား သူငယ်ငယ်ကလိုငါ့မြင်ပြီး
ပုန်းနေလားမသိဘူး"

"သူ့ဖုန်းနံပါတ်ကို ငါ Massange ပို့ပေးလိုက်မယ်"

"အေးပို့ရင် အခုမြန်မြန်ပို့
ငါ အေးသာယာအဝေးပြေးဂိတ်အထိ
ဆင်းပြီးကြိုရတာ နော် "

"ငါသိတယ်ပါတယ်ကွာ.. ခဏလေးစောင့်နော်"

"အေး"

မှိုင်းဖုန်းချပြီးတာနဲ့ သုတ ဆီက Massage ၀င်လာတာကြောင့် ထိုနံပါတ်ကို Copy ယူ၍ချက်ချင်းဖုန်းခေါ်လိုက်သည်။

🎼🎼🎼🎼🎼Ringtone

အနောက်ကနေမြည်နေတဲ့ဖုန်းသံကြောင့်လှည့်မိ
သည်။ဆံပင်ရှည်ရှည် အသားညိုညို နဲ့ မျက်လုံး၀ိုင်း၀ိုင်းနဲ့အရပ်က ၅ပေ ၄လက်မလောက်ရှိတဲ့ကောင်မလေးတစ်ယောက် မြန်မာဆန်ဆန်လေးနဲ့ လှနေသည်။
ငု၀ါ ဒီအရွယ်တောင်ရှိနေပြီကိုး။ သူမရဲ့ငယ်ရုပ်လေးကမပြောင်းဘူး အရင်တိုင်းပဲ။ ရှေ့မှာရပ်နေတဲ့မှိုင်းကို မမြင်သေးဘူး။ ဒါပေမဲ့ သူ့မလက်ထဲလာနေတဲ့ဖုန်းကို ချက်ချင်းမကိုင်ပဲကြောင်တောင်တောင်နဲ့
ကြည့်နေလို့ ဖုန်းဆက်မခေါ်တော့ပဲ ပြန်ချလိုက်တယ်။

"ဟိတ် "

"အမလေး "

ငု၀ါတစ်ယောက် မှိုင်းရဲ့ခေါ်သံကြောင့် လန့်ပြီးနောက်ဘက်ကိုဆုတ်သွားတယ်။မှိုင်းကိုလဲကြောင်
တောင်တောင်နဲ့ပြန်ကြည့်နေသေးတာ။ မမြင်ရတာဆယ်နှစ်လောက်ရှိပေမဲ့ မှိုင်းကိုမြင်ရင် ပေကပ်ကပ်နဲ့ထွက်ပြေးချင်နေတာအရင်တိုင်းပဲရှိနေသေးသည်။

"ဘာကြောင်ကြည့်နေတာလဲ နင် ငု၀ါ မဟုတ်လား"

"ဟုတ်"

WHERE ARE YOU ?Où les histoires vivent. Découvrez maintenant