12

6.6K 349 15
                                    

Unicode...

*****

တန်ဆောင်မုန်းလပြည့်ညမှာ ထွက်ပေါ်နေတဲ့
လမင်းကြီးက၀ိုင်းစက်နေသည်။တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ရဲ့အကြီးဆုံးရက်ကြီးတစ်ရက်ဖြစ်နေပေမဲ့ လူအရမ်းများတာကြောင့်မှိုင်းကကြွေ့ကိုလိုက်မပို့ပေးတော့ပါ။ ချိုရီဝေ နဲ့ငု၀ါ တို့ကို ခြံထဲအလည်လာခိုင်းလိုက်တယ်။ခြံထဲမှာ လူစုံတက်စုံနဲ့ပျော်ပျော်ပါးပါးစားသောက်ဖို့ စီစဥ်ခဲ့တယ်။ချိုရီဝေ ကလဲ မှိုင်းရဲ့အစီအစဥ် သဘောကျပြီးပွဲကိုမလည်ဖြစ်တော့ပဲ ခြံထဲကိုသာလိုက်လာခဲ့သည်။
ခွန်အောင်စိုး ကတော့ အိမ်နောက်ဘက်မှာကြက်ကောင်လုံးကင်ရန်အတွက် ပြင်ဆင်နေသည်။
ငု၀ါနဲ့ချိုရီဝေ တို့နှစ်ယောက်တော့ အိမ်ရှေ့မှာ စားစ
ရာတွေကိုပြင်ဆင်နေကြတယ်။မှိုင်းကတော့အား
လုံး သောက်ဖို့အတွက် ၀ိုင်လှောင်တဲ့အခန်းထဲမှာ
၀ိုင်စည်ထဲက နှစ်နှစ်လောက်စိမ်ထားတဲ့စပျစ်၀ိုင်ကို ကတော့နဲ့ခံပြီး ပုလင်းထဲကို လောင်းထည့်နေတယ်။
အိမ်ရှေ့မှာတော့ လုံး၀မအားတဲ့သူတစ်ယောက်ရှိနေတယ်။သူကတော့ ကြွေ၀တ်မှုန် ဆိုတဲ့မှိုင်းရဲ့ချစ်သူ
လေးပါ။ဘာမှပြင်ဆင်တတ်တဲ့သူမဟုတ်တာဖြစ်လို့ ငြိမ်ငြိမ်လေးသာ နေခိုင်းထားရသည်။မဟုတ်ရင်ရှိသမျှအစားအသောက်တွေကို ပြင်ဆင်ပေးမယ်ဆိုပြီး လုပ်လိုက်တာ အသီးအရွက်တွေဘာတစ်ခုမှရစရာမရှိအောင် ပျက်စီးကုန်တာပါ။ညသန်းခေါင်းယံအချိန်တွင်သုပ်စားရန်ခြံထဲကနေခူးထားတဲ့ မယ်ဇာလီဖူးတွေကိုပရွက်ဆိတ်တွေပါတယ်ဆိုပြီး တစ်ဗန်းလုံးပစ်ထုတ်လိုက်လို့ ခွန်အောင်စိုးနဲ့ ထပ်ခူးခိုင်းရတာ။ကြက်ကာလသားဟင်းကို ဘူးသီးနဲ့ချက်ဖို့
ဘူးသီးကိုင်ခိုင်းတာ အခွံရော အစေ့ရော တစ်ခါ
တည်းရောလိုက်လို့ ဘူးသီး အစေ့ရင့်နေတာတွေကို
ပြန်ရွေးထုတ်ရတယ် ။အဲ့ဒါကြောင့် အိမ်ရှေ့မှာ တိုးပွား နဲ့ ဆော့ခိုင်းရထားရသည်။ကြွေ၀တ်မှုန်ဆိုတဲ့ ဆရာ၀န်မလေးတစ်ယောက်ဟာကလေးစိတ်ကို မကုန်သေးတာပါ။တိုးပွားနဲ့စကားတွေပြောလိုက်
ဆော့လိုက်ဖြင့် ပျော်နေရှာသည်။

"ကြွေ လာလေ နားတော့ မောနေမယ်
ခုနလေးတင်ရေချိုးထားတာ တော်ပြီ
တိုးပွားနဲ့ထပ်မဆော့တော့နဲ့ လက်သွားဆေး
ခဏနေဆို ချက်ထားတာတွေကျက်တော့မှာ
စားကြရအောင် "

WHERE ARE YOU ?Donde viven las historias. Descúbrelo ahora