26

5.5K 288 13
                                    

Unicode

မြူခိုးတွေ နှင်းတွေဝေနေတဲ့ရှမ်းရိုးမတောင်တန်းကြီးက
လွန်ခဲ့တဲ့နှစ်တွေကလိုမပြောင်းလဲသေးပါ ကလောမြို့ကို
ရောက်တာနဲ့အအေးဓါတ်ကိုပိုလာပြီ။
ကားနောက်ခန်းမှာအိပ်ပျော်နေတဲ့ ​ချစ်ရတဲ့ကြွေ နဲ့
လရိပ် တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်မှီပြီး
အိပ်မောကျနေတယ်။
မှိုင်း ရဲ့ဘေးမှာထိုင်နေတဲ့ သုတမှာလဲ အိပ်ပျော်နေတယ်
ကားကိုသူနဲ့လူချင်းလဲပြီးကတည်းက အိပ်နေလိုက်တာ
သီချင်းသံတိုးတိုးလေးဖွင့်ပြီး အိပ်မငိုက်အောင်
တစ်ယောက်တည်းသတိလေးနဲ့ကားကိုမောင်းပြန်လာခဲ့
တယ်။ တဖြည်းဖြည်းနဲ့ တောင်ကြီးကိုရောက်ဖို့ တစ်မြို့
ပြီးတစ်မြို့ ဖြတ်သန်းလာခဲ့တာ သိပ်မကြာခင်မှာ
မြူတွေရစ်ဆိုင်းပြီး တိမ်ခိုးတွေဝေနေတဲ့ တောင်ကြီးမြို့ကိုမြင်နေရပြီ ။
မနိုးကြသေးသော ထိုသုံးယောက်အား မှိုင်း ကြည့်ပြီး
မနိုးရက်ခဲ့ပေ။ ပင်ပန်းနေကြတော့ တောင်ပေါ်တက်
နေတာကိုတောင်မသိကြတဲ့သူတွေ။

နှင်းခွဲမီးကိုဖွင့်ပြီးမောင်းနေပေမဲ့ တောင်တက်လမ်းတွေ
ကအကွေ့အကောက်တွေများတာမို့ အရှေ့မြင်ကွင်းကို
ထိုးဖောက်နိုင်ရန် အပေါ်မီးကြီးကိုဖွင့်နေရသည်။
တောင်ကြီးကိုစတက်တဲ့အချိန်မှာ မနက် ၅နာရီထိုး
နေပြီ ဘေးမှာအိပ်နေတဲ့သုတကို မှိုင်း ပခုံးပုတ်ပြီး
အသံထွက်ရုံသာနိုးလိုက်သည်။

"သုတ ဟျောင် ထတော့ တောင်ကြီးရောက်နေပြီ"

"အင်... ဟင်... မှိုင်း
ရောက်ပြီလား"

"ရှူး ... တိုးတိုး ပြောပါ အနောက်ကနှစ်ယောက်နိုး
သွားမယ်"

"အင်း အင်း မေ့လို့ ဆောရီး"

မှိုင်း ပြောလဲပြောအနောက်ဖက်ကိုလှည့်ကြည့်တဲ့အခါ
တော်သေးလို့ မနိုးကြသေးပါ ။ အဲ့လို့ပဲ ကြွေ ခရီးသွား
ရင်ကားပေါ်ရောက်တာနဲ့ တအားအိပ်တာ တော်ရုံတန်ရုံ
ဘယ်နားရောက်နေသလဲဆိုတာမသိတဲ့ သူမျိုး
အခုတော့ ကြွေ တစ်ယောက်တည်းအိပ်ပုတ်တာမဟုတ်
လရိပ် ပါ အဖော်လုပ်ပြီး အိပ်ပုတ်နေတာ

တောင်ကြီး မြို့ထဲ မောင်း၀င်ပြီးတာနဲ့ ဖိုးဖိုးအိမ်ရှိတဲ့
ရပ်ကွက်ကို ရောက်အောင် ဖြည်းဖြည်းချင်းမောင်း
နေခဲ့ရသည်။မြူခိုး တိမ်ခိုးတွေ အရမ်းများပြီး လမ်းကို
မမြင်ရချေ။

WHERE ARE YOU ?Where stories live. Discover now