7

5.3K 343 2
                                    

Unicode

*****

ချစ်တယ်ဆိုတဲ့စကားကို
နှုတ်နဲ့ပြောမယ်
နှလုံးသားနဲ့လဲပြောမယ်...ကြွေ...။

🍃

ကြွေ နဲ့ ချိုရီဝေတို့နှစ်ဦးသား ပင်းတယမြို့ရဲ့အထင်ကရတစ်ခုဖြစ်တဲ့ ပုတ်တလုတ် ကန်ဘောင်မှာလမ်းလျှောက်နေရင်းအကင်တွေရောင်းနေတဲ့ တွန်းလှည်းငယ်လေးတွေ တွေ့လိုက်ရတယ် ။
ရင်ထဲမှာ တစ်ချိန်က အကင်ဗန်းလေးကိုင်ပြီး ပင်လယ်ကမ်းခြေတစ်လျောက်မှာအကင်လိုက်ပတ်ရောင်းနေတဲ့ တိမ်ညိုမှိုင်း ကိုသတိရလာမိတယ် ။
ဘာကြောင့်လဲဆိုတော့ မှိုင်းကို အကင်၀ယ်စားရင်း
ဆုံတွေ့ခဲ့ရတာမဟုတ်လား။

"ချိုရီဝေ ငါအကင်စားချင်တယ်"

"နင်စားချင်ရင်၀ယ်လေ
လာ ...သွားရအောင်"

အကင်လှည်းရဲ့အနောက်မှာကျောခိုင်းပြီး အလုပ်လုပ်နေတဲ့ လူတစ်ယောက်ရှိနေသည်။ ရှမ်းရိုးရာအင်္ကျီအနက်ရောင် နဲ့အောက်ကဂျင်းဘောင်းဘီအပြာရောင်ကို၀တ်ထားတဲ့ထိုလူရဲ့ဆိုင်ရှေ့မှာရပ်
လိုက်သည်။

"အကင်၀ယ်ချင်လို့"

ထိုလူကကြွေ့အသံကြောင့် ကိုယ်ဆတ်ခနဲတုန်ပြီး
ရှေ့ကိုလှည့်ကြည့်လာခဲ့သည်။

" ဟင် ....ကြွေ...
ကြွေ၀တ်မှုန် ...."

ကြွေတွေ့ချင်လို့ ရှာနေတဲ့ တိမ်ညိုမှိုင်း ကိုမမျှော်လင့်ပဲပြန်တွေ့လိုက်ရတယ် ။တွေ့မှတွေ့တော့လဲ အကင်ဆိုင်မှာ ဖြစ်နေပြန်သည်။တိမ်ညိုမှိုင်းနဲ့ ကြွေ၀တ်မှုန်တို့နှစ်ယောက်ဟာ အကင်နဲ့ အကျိုးပေးတာနေတာဖြစ်မည်။

"နင် ....နင်...တိမ်ညိုမှိုင်း"

မှိုင်း ဆယ်နှစ်လုံး ရှာခဲ့တဲ့ ကြွေက ခုမျက်စိရှေ့ကို
ရောက်လာပါပြီ။ ရင်ထဲမှာအတိုင်းအဆမရှိ၀မ်းသာမိတယ်။ပြန်တွေ့ချင်လွန်းလို့ ဆုတောင်းခဲ့သမျှဒီနေ့မှပြည့်လာတော့တယ်။
ဒါပေမဲ့.....
ကြွေကရုတ်တရက် မှိုင်းဘေးကိုရောက်လာပြီး
လက်မောင်းကိုလာဆွဲရင်းအော်ပြောနေသည်။

"တိမ်ညိုမှိုင်း
ငါနင့်ကိုတွေ့ချင်လို့ ငွေဆောင်ထိသွားရှာခဲ့တာ
နင်ပြောင်းသွားပြီဆိုတဲ့သတင်းပဲကြားရတယ်
ငါမှာတော့ နင်နဲ့မတွေ့တဲ့နှစ်တွေမှာ နင်ပြောင်း
လဲသွားမယ် ထင်ခဲ့တာ
ဆယ်နှစ်တောင်ကြာခဲ့ပြီ... နင် ကတော့ ...
နင်...ခုတော့ဟာ"

WHERE ARE YOU ?Where stories live. Discover now