4

4K 316 2
                                    

Unicode

အချစ်က
ချစ်နေဖို့ပဲ...လိုတယ်ဆိုတာကို
နင်နဲ့တွေ့ပြီး နောက်ပိုင်း...
ငါနားလည်ခဲ့တယ်....ကြွေ.....။

......................

"ခွမ်း.."

သုဿန်၀န်းထဲရောက်တဲ့အခါ မြေကြီးပေါ်သို့ပစ်ပေါက်ခွဲလိုက်တဲ့ ရေအိုးကွဲသံမှာ မှိုင်းရဲ့ရင်ကိုအစိမ်းလိုက်ခွဲလိုက်သလိုမျိုး နာကျင်နေမိပါသည်။

ရင်ထဲမှာ သေလောက်အောင်ခံစားရပေမဲ့
ဖွားကို မြေးလေ မျက်ရည်တွေနဲ့...
ဖွားရဲ့နောက်ဆုံးခရီးကို မပို့ချင်ဘူး
မြေး မငိုမိအောင် ကြိုးစားနေပါတယ်
ဖွားရေ...
ဖွားနဲ့မြေး ကြားကို ထုံးစံအရ
လိပ်ပြာဖြတ်လိုက်ပါပြီ...
ဖွား ငြိမ်းချမ်းပါစေ ...။

မှိုင်းမှာရှိတဲ့ပိုက်ဆံလေးနဲ့ ရွာကထည့်ပေးကြတဲ့
ဖွားရဲ့အသုဘအကူငွေအားလုံးကိုပေါင်းပြီး ဖွားအတွက်အုတ်ဂူလေးတစ်လုံးကိုလုပ်ပေးခဲ့တယ်။
ပိုတဲ့ငွေလေးကို ဖွားအတွက်ရည်စူးပြီး ရွာကဘုန်းကြီးကျောင်းမှာ ဖွားနာမည်နဲ့ လှူပေးခဲ့တယ်။

အုတ်ဂူထဲကိုတဖြည်းဖြည်းချင်းသွင်းနေတဲ့ ဖွားရဲ့အခေါင်းကို မှိုင်းကိုယ်တိုင် သုတ၊ ပေါက်ဆီ၊ ရွာကလူငယ်အချို့နဲ့အတူ ထမ်းလာခဲ့ကြတယ်။
အုတ်ဂူထဲကိုလဲ မှိုင်းကိုယ်တိုင် သွင်းပေးခဲ့တယ်။
တတ်နိူင်တဲ့ အင်အားနဲ့ဖွားရဲ့နောက်ဆုံးခရီးကို အကောင်းဆုံးဖြစ်အောင်မှိုင်း ပြုလုပ်ပေးခဲ့ပါတယ်။

ဒေါ်မေသက် အသက်(၆၈)နှစ် လို့ရေးထိုးထားတဲ့
ဖွားရဲ့အုတ်ဂူကို ဦးသုံးကြိမ်ချပြီး ကန်တော့လိုက်တယ်။တစ်ယောက်တည်းသော ကျန်ရှိတဲ့ သွေးသား
ရင်းချာမှာ အခုတော့အနားမှာမရှိတော့ပါ။

​"ဖွားအတွက်ရည်စူးပြီး
မြေး... ပြုသမျှကောင်းမှုအစုစုကို
ရောက်ရာအရပ်ကနေ ဖွား သာဓုခေါ်ပါ...နော်
ဖွား တစ်ယောက်ငြိမ်းချမ်းပါစေ...."

ထို့နောက်မှတော့ ဖွားရဲ့အုတ်ဂူဘေးကပ်လျှက်မှာမြုပ်နှံထားတဲ့ မြေစာပုံလေးနှစ်ခု ကိုပါတစ်ဆက်
တည်းကန်တော့လိုက်တယ်။ထိုမြေစာပုံလေးနှစ်ခုမှာ
ကွယ်လွန်ပြီးသွားတဲ့ မှိုင်းရဲ့ မိဘနှစ်ပါးပင်ဖြစ်သည်။

WHERE ARE YOU ?Where stories live. Discover now