11

5.5K 279 1
                                    

Unicode...

*****

အဝေရာမီးပုံးပျံကွင်းမှာရှိတဲ့ကားအပ်တဲ့နေရာမှာ
မှိုင်း နဲ့ကြွေ နှစ်ယောက်တည်း ကားခေါင်းခန်း
ထဲမှာ ထိုင်နေကြတယ်။ကားအပ်ကွင်းမှာ ကုန်းမြင့်တဲ့နေရာရှိနေတာဖြစ်လို့မီးပုံးပျံကွင်းကိုအပေါ်ဆီးတွေ့မြင်ရတယ်လို့ ခွန်အောင်စိုး ပြောပြတာကြောင့်ကြွေနဲ့ နှစ်ယောက်သား ကားနဲ့သာမီးပုံးပျံကွင်းကို စောစောထွက်ခဲ့တယ်။နောက်ကျရင်တော့ ၀င်လို့ရမှာမဟုတ်ပါ။မှိုင်းတို့ရောက်ပြီး မကြာပါဘူး ဘေးဖက်၊ အရှေ့ဖက် ၊လေးဖက်လေးတန်မှာ ကားတွေတစ်စီးပြီးတစ်စီးရောက်လာကြတယ်။အချိန်ခဏလေးအတွင်း ကားအပ်တဲ့နေရာလေးမှာ ကားများဖြင့် ပြည့်ကြပ်နေပြီ။ကားထားဖို့ အဆင်ပြေတာမလို့
တကယ်လို့ ပွဲခင်းထဲအလည်သွားရင် ကားကိုကြည့်ပေးတော့ စိတ်မပူရတော့ဘူးပေါ့။

"မှိုင်း ရောက်တာကြာနေပြီ မစသေးဘူးလား"

"စတော့မှာလေ ၆နာရီဆို ဖွင့်ပြီ"

"ဗိုက်ဆာပြီလား ကြွေ "

ကြွေ ကခေါင်းလေးရမ်းပြပြီး

"မဆာဘူး လေ မှိုင်း ရဲ့ ညနေကမှ နန်းတူး တို့က
ခေါပုတ်ကြော်ကျွေးလို့ စားလာပြီးပြီ"

"အစာကြေဆေးရောစားထားရဲ့လား
​ကောက်ညှင်းတွေစားပြီး လေခံမှာစိုးလို့"

"စားထားတယ်လေ ဘာမှမဖြစ်ဘူး
စိတ်ချ"

"အေးပါ နင်က U.S မှာနေတာကြာပြီလေ
မြန်မာအစားအစာတွေက နင်နဲ့ သိပ်အဆင်ပြေတာမဟုတ်ဘူး "

"ပြေပါတယ် ကောက်ညှင်းပဲ ဘာမှမဖြစ်ပါဘူး"

"ဆာရင်ပြောနော်
ကားထဲမှာ Pizza နဲ့ သောက်စရာတွေပါတယ်"

"စောသေးတယ် ဆာမှစားမယ်နော်"

"ဟိုမှာပြောရင်းနဲ့ကွင်းထဲမှာ
ရှမ်းရိုးရာ အကနဲ့ကနေကြပြီ ဟိုဘက်က
အနက်ရောင်၀တ်ထားတာ ပအိုဝ်း လူမျိုးတွေလေ"

"ဟုတ်လား ရှမ်းအိုးစည်သံလေးနဲ့ အကလေးက
လိုက်တယ်နော် ပျော်စရာကြီး"

"ဟုတ်တယ် ကြွေရဲ့"

နှစ်ယောက်လုံးကားပေါ်ကနေဆင်းပြီး ကားရှေ့ခေါင်းနားမှာ အတူရပ်လိုက်ကြတယ်။တစ်ခါမျှမမြင်ဖူးတဲ့ မီးပုံးပျံကွင်းဖွင့်ပွဲကြီးကို ​အံ့သြတကြီး မှိုင်းနဲ့အတူ ကြည့်နေမိတယ်။အရောင်သွေးစုံလင်လှတဲ့ ရှမ်းပျိုဖြူတွေရဲ့အကအလှတွေနဲ့ မီးပုံးပျံ အသေးလေးတွေ ထောင်နဲ့ချီကောင်းကင်ပေါ်ကိုလွှတ်နေကြတာဟာ တကယ့်ကိုရင်သပ်ရှုမောဖွယ်ကောင်းတဲ့ အလှတရားတွေပါ။ဘေးနားမှာရှိတဲ့ ကြွေ့ရဲ့ချစ်ရသူကိုလဲ ကျေးဇူးတင်မိတယ် ။မှိုင်း တစ်ယောက်ဟာ ကြွေ နဲ့ပတ်သက်ရင်အရမ်းကိုစိတ်ရှည်တဲ့ချစ်သူတစ်ယောက်ပါ။ကြွေ ကြည့်ချင်တဲ့မီးပုံးပျံပွဲကို အစောကြီးလာခဲ့တာတောင်မှ ကားကိုဘီးလှိမ့်ရုံသာ တအိအိ နဲ့မောင်းနေရတာ။နောက်ကျမှလာခဲ့ရင် ကားရွေ့လို့ရမှာမဟုတ်။

WHERE ARE YOU ?Where stories live. Discover now