ဆေးရုံလိုင်းခန်းရဲ့ အရှေ့၀ါရံတာက ခုံတန်းလျားမှာ
မှိုင်း နဲ့ ကြွေ ဘေးချင်းကပ်ထိုင်နေခဲ့ကြတယ်။ထွက်သွားမယ်ဆိုပြီး ဆွဲကြိုး နဲ့ နာရီကို ချွတ်ပေးခဲ့ပေမဲ့ ကြွေ ရှိတဲ့နေရာကနေ ထွက်မသွားနိုင်တာမှိုင်း ပါ။
သေလောက်တဲ့နာကျင်မှုတွေ အကြိမ်ကြိမ်ခံစားနေရပေမဲ့ အဲ့ဒီနာကျင်ခံစားမှုတွေကို လျစ်လျုရှူရင်းအခန်း
တံခါး၀မှာ ခြေစုံရပ်နေမိတယ် ။အခန်းထဲကျန်ခဲ့တဲ့ ကြွေ ရဲ့ငိုရှိုက်နေတဲ့အသံကိုကြားနေရတဲ့အခိုက်အတန့်က မှိုင်း ရဲ့ နှလုံးသားကို ချေမွသလို
ခံစားနေရတယ် ။ ကြွေ့ အပေါ်မပြတ်သားနိုင်တဲ့စိတ်တွေကြောင့် မှိုင်း ကြွေ့ ရှိတဲ့ အခန်းတံခါးကိုဖွင့်ရန် ပြင်လိုက်စဥ်မှာပဲ ကြွေ ကမှိုင်းနောက်လိုက်လာရန် ထွက်လာသတဲ့လေ ။လရိပ် ပြောသလို အခုချိန်မှာ ကြွေ လက်ခံအောင်
မလုပ်နိူင်ရင် တစ်နှစ်ထပ်စောင့်ရမယ်တဲ့လေ။
ဟင့် အင်း မှိုင်း မစောင့်နိုင်တော့ပါ ။ကြွေ့ ကိုလဲ
လက်မလွတ်နိုင်တော့ပါ""ကြွေ"
"အင်း ပြောလေ မှိုင်း"
"ငါ့ကိုစိတ်မဆိုးတော့ဘူးမဟုတ်လားဟင်"
"ငါ စိတ်မဆိုးတော့ပါဘူး"
"အခုလိုနေ့မျိုး ငါအရမ်းရောက်ချင်တာသိလား ကြွေ
ငါလေ နင့်ကိုမတွေ့ရတဲ့နေ့တွေဆို မနေတတ်အောင်
လွမ်းတယ် နင်ရှိတဲ့နေရာကို ငါအပြေးလာခဲ့ချင်ပေမဲ့
နင်လက်မခံမှာငါကြောက်တယ် နင် L.A ပြန်သွားပြီ
လို့ငါသိတဲ့နောက်ပိုင်း ငါ့အခြေအနေကပိုဆိုးလာတယ်
ငါ့စိတ်တွေယိုင်လာတယ် ငါကြိမ်ကြိမ်ပြိုလဲခဲ့တယ် ကြွေ
စိတ်ဆင်းရဲနေတဲ့ ဖိုးဖိုးကိုသနားတာနဲ့ ငါ ကိုးရီးယားကို
ထွက်ခဲ့တာ မထွက်ခင် ငါလရိပ်ဆီ၀င်သေးတယ်""ငါသိတယ် လရိပ်ပြောပြတယ်"
"အခုရောဟင် ဒယ်နီရယ် နဲ့အခြေအနေဘယ်လိုရှိလဲ
ငါ့ကိုပြောပြပါလား ကြွေ"ကြွေ ပင့်သက်လေးတစ်ချက်ရှိုက်ကာ
"ပြောရမယ်ဆိုရင် မာမီ ကဒယ်နီရယ်နဲ့စေ့စပ်ဖို့ထက်
လက်ထပ်ဖို့ကို ပိုတိုက်တွန်းလာတယ် နောက်ပြီး
ဒယ်နီရယ် ကအခုမြန်မာပြည်ကိုပြန်လာတယ်
သူ့မိဘတွေလဲပါတယ် ငါ မြစ်ကြီးနားကိုမလာခင်
မာမီက ဒယ်နီရယ့် မိဘတွေနဲ့စကားပြောထားကြတယ်
ငါ့ကို တင်တောင်းဖို့ကိစ္စပေါ့ "
YOU ARE READING
WHERE ARE YOU ?
Romanceဆုံဆည်းဖို့အကြောင်းကံပါလာရင် ဆုံကိုဆုံရမယ် မဟုတ်လား သံသရာတစ်ပတ်ပြန်လည်လာရင် ကြွေဝတ်မှုန်ဆိုတဲ့ နင်နဲ့ ပြန်ဆုံချင်တယ်။