Unicode
ချစ်သူနဲ့ကွေကွင်းရခြင်းသည်
ရှင်ရက်နဲ့သေတာမခြားပါတဲ့
ကြွေ့ ရင်ထဲ ဆုတောင်းကတော့
မှိုင်း နဲ့ တစ်သက်လုံး လက်တွဲရပါလို၏ဆိုတဲ့
ဆုတောင်းလေးကို အကြိမ်ကြိမ်
ဆုတောင်းနေမိတယ်မာမီလဲ မှိုင်း ကိုအရင်လို မမုန်းပါစေနဲ့ လို့
ကြွေ ထပ်မံဆုတောင်းလိုက်တယ်.........
ဒေါ်မေစုနိုင် ကို မှိုင်း ဘေးကနေရပ် စိတ်လှုပ်ရှားစွာ
ရပ်ကြည့်နေမိတယ်။မှိုင်းကို ကြွေ နဲ့ ထပ်ပြီးလမ်းခွဲခိုင်း
ရင် ဆိုတဲ့ စိုးရိမ်စိတ်က ရင်ထဲအလိုလိုတိုး၀င်လာတယ်
ဒါပေမဲ့ ကြွေ့ကို မှိုင်း လုံး၀လက်မလွှတ်နိုင်တော့ပါ"အန်တီ ကျွန်တော့်ကို ဘာပြောစရာရှိလဲ"
မှိုင်း မေးလိုက်တာကြောင့် ဒေါ်မေစုနိုင် က မှိုင်း ကို
စိုက်ကြည့်လိုက်တယ်
မှိုင်း ကိုကြည့်တဲ့အကြည့်တွေက စိတ်ထင်လို့ပဲလား
အရင်လို မာထန်တဲ့အကြည့်မျိုးမဟုတ်တော့ပေ။"မင်းပေးတဲ့ကတိ မတည်ဘူး"
မှိုင်း သက်ပြင်လေးသဲ့သဲ့ချမိတယ်
"ကတိလားအန်တီ ကျွန်တော် ကတိတည်ပါတယ်
အန်တီကျွန်တော့်ကို တစ်နှစ်အတွင်းပဲပြောခဲ့တာလေ
ကျွန်တော်လဲ ဒီတစ်နှစ်အတွင်းမှာ သေလောက်အောင်ခံစားနေရပါတယ် ကြွေ လဲကျွန်တော်နဲ့ထပ်တူပါ
နောက်ပြီး ကျွန်တော့်ကတိအတိုင်း ကြွေ့ကို အဆက်
အသွယ်မလုပ်ခဲ့ဘူးနော် ....နောက်ပြီး ...
ကြွေ နဲ့ ပြန်တွေ့တဲ့အခါ ကြွေကကျွန်တော့်ကို မချစ်တော့ဘူးဆိုရင် ကျွန်တော်ကတိတည်မယ်ပြောခဲ့တယ်လေအခု ကြွေ ကကျွန်တော့်ကိုချစ်နေသလို ကျွန်တော်လဲကြွေ့ကို ချစ်နေတယ်လေ ""သိတယ် သိလို့ပဲ အန်တီလိုက်လာတာပါ
နောက်ပြီး သမီးကိုအိမ်ထောင်ချပေးမယ်လို့
မင်းကိုပြောခဲ့ပေမဲ့ သမီးကလုံး၀လက်မခံခဲ့ဘူး
အန်တီ့ဖက်ကတောင်းဆိုတာမင်းလက်ခံခဲ့ပေမဲ့
သမီးကြွေ ကလက်မခံခဲ့ဘူး""ကြွေ နဲ့ကျွန်တော် ပြန်တွေ့ကြတာဟာ
ကံကြမ္မာကမျက်နှာသာပေးခဲ့လို့လား ဒါမှမဟုတ်
ကျွန်တော်တို့နှစ်ယောက်ရဲ့ အချစ်တွေကြောင့်ပဲ
ပြန်ဆုံတွေ့ကြတာလား သေချာမသိပေမဲ့ ကြွေ နဲ့
ကျွန်တော့် ကြားမှာ ပြတ်လို့မရတဲ့ ကံတရားတွေ
ချစ်ခြင်းတွေရှိနေခဲ့တယ် အန်တီ ကျွန်တော့်ကို
မိန်းခလေးတစ်ယောက်ဖြစ်ပြီး ယောက်ျားတစ်ယောက်လိုနေထိုင်ပြုမူနေတဲ့သူတစ်ယောက်ဆိုပြီး အထင်သေးပါနဲ့ ဗျာ ယောက်ျားတစ်ယောက်ရဲ့ အချစ်တွေနဲ့တန်းတူ အာ...မဟုတ်ဘူး...ပိုတဲ့ချစ်ခြင်းမျိုးနဲ့
ကြွေ့ကို ကျွန်တော်ချစ်ခဲ့တယ် ..
အန်တီပြောသလို ကြွေ နဲ့တစ်နှစ်လမ်းခွဲခဲ့ပြီးပြီ
အန်တီကကြွေ့ စိတ်ကို မပြောင်းလဲနိုင်ခဲ့ဘူး
ကျွန်တော်လဲ ချစ်နေဆဲပဲလေ
အခု ကျွန်တော်နဲ့ကြွေ အန်တီ့ခွင့်ပြုချက်မယူပဲ
တောင်ကြီးကိုအတူလာခဲ့ကြတာပါ
အဲ့ဒီအတွက် အန်တီ့ကိုတောင်းပန်ပါတယ်ဗျာ
အန်တီ့ကိုစိတ်ဆင်းရဲအောင်လုပ်ခဲ့မိတဲ့အတွက်
နောက်ပြီး ကြွေနဲ့ကျွန်တော် တို့ရဲ့ ချစ်ခြင်းကိုလက်ခံပေး
ပါနော် ကြွေ့ကို ကျွန်တော် စိတ်ချမ်းသာအောင်
ထားပါ့မယ် ယုံပါနော် အန်တီ "
YOU ARE READING
WHERE ARE YOU ?
Romanceဆုံဆည်းဖို့အကြောင်းကံပါလာရင် ဆုံကိုဆုံရမယ် မဟုတ်လား သံသရာတစ်ပတ်ပြန်လည်လာရင် ကြွေဝတ်မှုန်ဆိုတဲ့ နင်နဲ့ ပြန်ဆုံချင်တယ်။