U💙
*Key ငါ မင်းအမျိုးသားကို ဆေးရုံမှာ ကောင်လေးတစ်ယောက်နဲ့အတူတွေ့လိုက်တယ်...*
*Keyရေ မင်းအမျိုးသားက ဟိုတစ်ခါလာတဲ့ကောင်လေးနဲ့ပဲ သားဖွားမီးယပ်ဌာနဘက်မှာ ငါတွေ့နေတာ နှစ်ခေါက်လောက်ရှိပြီနော်...*
ဒီအကြောင်းတွေကို သူငယ်ချင်းဖြစ်သူ Onewက Keyကို ဖုန်းဆက်ပြီးပြောတာက သုံးလေးကြိမ်မကတော့...
ကောင်လေးဆိုတာကတော့ Taeminလို့ Keyထင်မိသည်... ဘာလို့ဆို ဟိုရက်ပိုင်းကလည်း Taeminနေမကောင်းဘူးဟု မောင် ပြောထားသေးသည်မလား...
ဒါပေမယ့် သားဖွားမီးယပ်ဌာနဆိုတာက ဘာသဘောလဲ...
မောင် နောက်တစ်ယောက်များတွေ့ပြီး ကလေးတွေဘာတွေများရသွားလို့လား....
Key ထိုအကြောင်းတွေကို သိထဲက မေးချင်နေခဲ့တာကြာပေမယ့်... ထုတ်မမေးရဲဘူး...
Key မကြားချင်တာကို ကြားလိုက်ရမှာကို Keyကြောက်တယ်...
ပြီးတော့ Keyတို့ အိမ်ထောင်ရေးပြိုကွဲသွားမှာက Key အကြောက်ဆုံးတွေထဲကတစ်ခုပဲ...
Onewထံကနေ ထိုအကြောင်းတွေကို ခဏခဏကြားနေရတာကြောင့်ရယ်... အဖြစ်မှန်ကို သိချင်မိတာကြောင့်ရယ် ဒီနေ့တော့ ထိုဆေးရုံကို သွားကာ စုံစမ်းကြည့်ဖို့ Key ဆိုင်ကနေထွက်လာခဲ့လိုက်သည်...
Onewက အဲ့ဌာနမှာ သူ့အသိရှိတယ်ဆိုလို့ မောင်နဲ့ပတ်သတ်ပြီးတစ်ခုခုကို သိရမလားဟုတွေးကာ Keyသိချင်တာကို မေးရုံအထိပဲတွေးထားတာ... တစ်ခုခု သိခဲ့ရင်တောင် မောင့်ကို ထုတ်မေးဖို့အထိတော့ Keyမတွေးဘူး... ဘယ်တော့မှလည်း Key မေးမှာမဟုတ်ဘူး....
Key ကားလေးကို ဆေးရုံက ကားပါကင်မှာ ရပ်ပြီးသည်နှင့် Onewဆီ ဖုန်းဆက်လိုက်တော့ Onewက ထွက်လာပြီး လာခေါ်သည်...
"Key ငါလိုက်ပို့ပေးမယ်နော်... အဲ့ဌာနမှာ ငါ့အသိ ရှိတယ် မင်းသိချင်တာ မေးလို့ရတယ်..."
"အင်း..."
Onewကို ခေါင်းငြိမ့်ပြရင်း Onewနဲ့အတူ Onewခေါ်ဆောင်ရာနောက်သို့ Keyလိုက်သွားခဲ့သည်...