U💙
"ပါး..."
သမီးလေးကို ကုတင်ပေါ်တွင် နေ့လည်တစ်ရေးသိပ်ရင်း Minhoပါအိပ်ပျော်သွားမိခိုက် မျက်နှာထက် ထိတွေ့မှုများနဲ့အတူ အသံလေးကြားလိုက်ရတာမို့ Minho နိုးလာခဲ့သည်...
"ပါး..."
သမီးလေးဘက်ကို စောင်းအိပ်နေတာမို့ မျက်လုံးတို့ဖွင့်ကာ သမီးလေးကို ကြည့်မိတော့...
တစ်နှစ်ကျော်ရုံသာရှိသေးတဲ့ သမီးလေးက ကိုယ်လေးကိုမှောက်ကာ Minhoမျက်နှာကို သူ၏လက်သေးသေးလေးဖြင့် ပုတ်လို့ ခေါ်နေသည်ကာ ပါး*တဲ့...
Minho ကိုယ့်နားကိုယ် မယုံနိုင်စွာဖြင့် သမီးလေးကို ကြည့်နေမိသည်...
"ပါး..."
ထပ်ကာပုတ်လို့ခေါ်လာလေတော့ Minho မျက်ရည်တို့ဝဲလာမိသည်...
သမီးလေး ပထမဆုံး စကားစ,ပြောတာက Minhoကို ပါး*လို့ ခေါ်လိုက်တာတဲ့လေ...
ဝမ်းသာအားရ ထထိုင်ရင်း သမီးလေးကို ချီကာ ရင်ခွင်ထဲ တင်းကျပ်စွာဖက်ထားလိုက်သည်...
*အဲ့..* "ပါး..."
Minho တင်းကျပ်စွာ ဖက်ထားလို့ထင်ပါရဲ့ သမီးလေးထံမှ ငိုသံသဲ့သဲ့လေး ထွက်လာတော့မှာ Minho သမီးလေးကို ဖက်ထားရာမှာ ဖယ်ခွာလိုက်သည်...
"Sorry သမီးလေး... Appa ပျော်သွားလို့..."
မျက်ရည်တွေနဲ့ပဲ ပြုံးရင်း သမီးလေးရဲ့ ပါးအိအိလေးကို မွှေးကြူလိုက်သည်...
သားTaehoလေးတုန်းကလည်း ထိုကဲ့သို့ ဝမ်းသာမှုမျိုးကို Minho ခံစားခဲ့ရဖူးပေမယ့် သမီးလေး Shijibလေး အလှည့်မှာတော့ Minhoပိုလို့ ဝမ်းသာနေမိသည်...
"ကိုကိုရေ... ကိုကို..."
ကိုကို့ကိုပါ ဝမ်းသာအားရခေါ်လိုက်မိသည်...
"မောင် ဘာဖြစ်လို့လည်း... သမီးလေး ဘာဖြစ်လို့လဲ..."
Minho ခေါ်သံကြောင့် အလောတကြီး ပြေးဝင်လာတဲ့ ကိုကိုက အခန်းထဲ ရောက်တော့ Minhoကိုရော ချီထားတဲ့ သမီးလေးကိုရော စိုးရိမ်မျက်ဝန်းများဖြင့်ကြည့်ကာ မေးလာသည်...