U💙
"ဟင်! မောင် အစောကြီးရောက်နေတာလား..."
ကိုကို့အတွက် ဆန်ပြုတ်ရယ် Minhoနဲ့ Taeminအတွက် ညစာရယ် ပြင်ပြီးသည့်နောက် Minho ရေချိုးပြီး ပြန်ထွက်လာတော့ ကိုကိုက အိပ်ရာကနိုးလာသည်...
"ဟုတ်တယ် ကိုကို... Onew hyungလာသွားတယ်ဆို ဘယ်နားနေမကောင်းဖြစ်လို့လဲ...."
Minho ဗီဒိုထဲက အင်္ကျီတစ်ထည်ထုတ်ကာ ကောက်စွပ်ရင်း ကိုကို့ကို လှမ်းမေးလိုက်သည်...
"ဒီလိုပါပဲ နည်းနည်းလေး မလန်းလို့ခေါ်ပြလိုက်တာပါ စိုးရိမ်စရာမရှိပါဘူး..."
"ကိုကိုရယ် ကျန်းမာရေးလည်း ဂရုစိုက်ဦး မျက်နှာလေးလည်း ချောင်ကျသွားလိုက်တာကွာ..."
အဝတ်စားလဲပြီးသည့် မောင်က ကုတင်ပေါ် ထိုင်နေသေးသော Keyအနားသို့ ရောက်လာကာ Keyမျက်နှာလေးကို မောင့်လက်နှစ်ဖက်ဖြင့် တယုတယအုပ်ကိုင်ပြီး အားမလိုအားမရပြောလာသည်...
မောင့်မျက်ဝန်းတွေကလည်း စိုးရိမ်ဟန်လေးတွေနဲ့ အဲ့လို ဂရုစိုက်မှုလေးတွေကို Key တကယ်နှစ်သက်တာ...
Key နေမကောင်းဖြစ်တိုင်း မောင့်ဆီက အဲ့လိုဂရုစိုက်မှုလေးတွေရတက်သည်....
"ကိုကို သိပါတယ် မောင်ရယ်... အာ မောင် အလုပ်စောဆင်းလာတာဆိုတော့ ဗိုက်ဆာနေမှာပေါ့ ကိုကို သွားပြင်လိုက်ဦးမယ်..."
"ဒီအတိုင်းပဲ နားနေပါ ကိုကိုရာ... မောင် အားလုံးလုပ်ပြီးပြီ... ကိုကို့အတွက် ဆန်ပြုတ်ရော... မောင်တို့အတွက် ညစာရော..."
ထရပ်ဖို့ လုပ်လိုက်ချိန်မှာပဲ ပခုံးကနေပြန်ဖိချကာ ထိုင်ခိုင်းလေသော မောင့်ကြောင့် Keyတစ်ယောက်ကုတင်ပေါ်တွင် ပြန်ထိုင်မိတော့သည်....
"ဆန်ပြုတ်?... ဟာ နေမကောင်းတဲ့ သူမှ မဟုတ်တာ ဆန်ပြုတ်ကြီးက မသောက်ချင်ပါဘူးနော်... မောင်ကလည်း ကိုကို ဆန်ပြုတ်မကြိုက်တာကို သိရဲ့သားနဲ့ကွာ..."
ဆန်ပြုတ်မကြိုက်ကြောင်း နှုတ်ခမ်းဆူကာပြောနေတဲ့ မျက်စိရှေ့က အကောင်ပေါက်လေးကို Minho အသည်းယားစွာကြည့်မိသည်...