U💙
သားTaehoလေး ကျောင်းမဆင်းခင်ထဲက Minhoကြိုရောက်နှင့်နေပြီး ကျောင်းနဲ့ ခပ်လှမ်းလှမ်းတစ်နေရာတွင် ကားကိုရပ်ထားလိုက်သည်...
သားကို ကြိုဖို့တော့ မဟုတ်... Minho သေချာချင်နေတဲ့ အရာတစ်ခုကို အတည်ပြုချင်၍သာဖြစ်သည်...
သားကို ကြိုဖို့က ommaတို့ကို ပြောထားသည်မို့ ommaတို့က လာကြိုလိမ့်မည်...
ကျောင်းဆင်းချိန်ရောက်တော့ ဆရာမတွေနဲ့အတူ ကလေးတွေလည်း ထွက်လာကြသည်...
ကျောင်းဆင်းချိန်ရောက်ပြီးလို့ ဆယ့်ငါးမိနစ်လောက်ကျော်သွားတာတောင် Minho စောင့်နေတဲ့သူ မလာသေး...
ဂိတ်တာဝန်ကျဆရာမ အနားမှာရပ်နေသော နဲ့ သားသူငယ်ချင်းလေး Minki...
Ommaတို့ကရော ဘာလို့ သားကိုကြိုဖို့နောက်ကျနေတာလဲ...
Minho သားတို့ရှိနေတဲ့ နေရာကို ကြည့်နေရင်းနဲ့ပင် Minho အတည်ပြုချင်နေသော ပုံရိပ်လေးက ရောက်လာသည်...
မြင်နေရတာအနည်းငယ် လှမ်းတယ်ဆိုပေမယ့်လည်း Minho ဘယ်လိုမှ မမှားနိုင်ပါ...
ကိုကိုဆိုတာသေချာပါတယ်.... ပါဝါမျက်မှန်တပ်ထားတာကလွဲလို့ ဘာမှပြောင်းလဲမသွား...
ကိုကိုသည် တစ်ခုခုကို ရှာနေပုံဖြင့် ဟိုကြည့်သည်ကြည့်လုပ်ကာ သားTaehoလေးတို့ရှိရာကို သွားနေသည်...
သားတို့အနားရောက်တော့ ကိုကိုက သားTaehoလေးနဲ့ စကားပြောနေပြီးနောက် ဆရာမနဲ့ ဆက်ပြောကာ Minkiလေးကို ချီလို့ ပြန်သွားတော့သည်...
Ommaတို့ကလည်း သားကို လာမကြိုသေး၍ Minhoမှာ သားကိုပဲ သွားခေါ်ရမလိုလို ကိုကို့အနောက်ကိုပဲ လိုက်သွားရမလိုလို ဝေခွဲမရဖြစ်နေချိန်မှာပဲ ommaတို့ အိမ်ကကား ရောက်လာတာကို တွေ့လိုက်တာမို့ စိတ်ချလက်ချနဲ့ပဲ ကိုကို့ကားအနောက်သို့သာလိုက်သွားမိသည်....
ကိုကို့ကားလေး နောက်ဆုံးရပ်သွားတဲ့နေရာကတော့ ကိုကို့ဆိုင်ဖြစ်နေသည်....