U💙
"Taemin ကိုကို ဘာမှာသွားသေးလဲ..."
Minho အလုပ်ကပြန်ရောက်ထဲက ကိုကို့ကို မတွေ့ တော့ အလုပ်ကိစ္စကြောင့်ထွက်သွားတာပါလို့တွေးရင်း စောင့်နေလိုက်တာ ခုဆိုညဆယ်နာရီကျော်ပြီ... ဆိုင်ပိတ်ချိန်ထက်လည်း များစွာကျော်လွန်နေကာ...
ပုံမှန်နောက်ကျမယ်ဆို ကိုကိုက message လှမ်းပို့တက်တာကြောင့် ခုထိ ဘာmessageမှ ရောက်မလာ၍ Minhoမှာ စိတ်ပူနေရသည်...
Taeminကသာ ကိုကိုနဲ့ တနေကုန်အတူရှိနေတာမို့ မေးကြည့်ပြန်မိ၏....
"မမှာဘူး hyung... ကျွန်တော် နေ့လည်တရေးအိပ်ပြီးနိုးလာတော့ Key hyung အသံမကြားလို့ နေမကောင်းဖြစ်နေလားစိုးရိမ်လို့ သွားကြည့်တော့မှ Key hyung မရှိမှန်းသိတာ... ဒီအတိုင်း အပြင်ခဏသွားတာပဲဆိုပြီးတော့ hyungကို ကျွန်တော် အကြောင်းမကြားလိုက်တာ..."
"အင်း ဟုတ်လား... တော်တော်လည်း နောက်ကျနေပြီ..."
"ဖုန်းဆက်ကြည့်ပါလား hyungရဲ့..."
"ဟုတ်သားပဲ ဖုန်းဆက်ကြည့်ရမှာကို မေ့နေတာ..."
Taemin ပြောတော့မှ ဖုန်းဆက်ကြည့်ဖို့ကို Minho သတိရမိသည်...
"စက်ပိတ်ထားတယ်တဲ့... တစ်ခုခုများဖြစ်နေမသိဘူး... hyungဆိုင်ကို လိုက်သွားကြည့်လိုက်ဦးမယ်..."
Hyung စိတ်ပူချင်လည်း စိတ်ပူချင်စရာကောင်းလောက်အောင် Key hyungကို ကြည့်ရတာ ခုတလော အားနည်းနေသည်ပုံ...
"ဟုတ်သွားလေ hyung...."
"Taeminရော တစ်ယောက်တည်းဖြစ်ရဲ့လား..."
Taeminကိုလည်း စိတ်မချဟန်ဖြစ်နေသော hyungကြောင့်...
"ဖြစ်ပါတယ် hyung... ကားကို ဂရုစိုက်မောင်းနော် hyung..."
"အင်း...."
Taeminမှာသည်ကို ခေါင်းငြိမ့်ပြကာ Minhoက ထွက်သွားတော့သည်....
Taeminကြောင့် Minho hyungလည်း တော်တော်လေး စိတ်ဒုက္ခရောက်နေမှာပဲ....
Key hyungခေါ်လာလို့ မတက်သာလို့ စောင့်ရှောက်ထားပေးတယ်ဆိုပေမယ့် အရင်ထဲက Taeminကို ညီအရင်းလေးလို သတ်မှတ်ထားသူမို့ အခုလည်း ညီအရင်းလေးလိုပဲ ဂရုစိုက်စောင့်ရှောက်ပေးခဲ့တာ...