Beloved 23

58 7 0
                                    

U💙

"Minki yah..."

Keyရုံးခန်းရဲ့အပြင် ဆိုင်ထဲက​နေလာတဲ့ခေါ်သံ​ကြောင့် သားသားက​ ရုံးခန်းထဲက​နေပြေးထွက်သွားသည်...

"Key သားသား သူငယ်ချင်းလား..."

"ဟုတ်မယ်ထင်တယ်... သွားကြည့်လိုက်ဦးမယ်..."

Keyရုံးခန်းထဲက ထွက်လာ​တော့ Onew​​ရော Jonghyun​ရော လိုက်လာခဲ့ကြသည်...

ဒီ​နေ့ သူတို့နှစ်​ယောက်ရဲ့ မင်္ဂလာဝတ်စုံ​ကြောင့် Keyဆိုင်ကို ​ရောက်​နေကြတာဖြစ်သည်...

သားသားလည်း ​ကျောင်းပိတ်ရက်မို့ ပြီးရင် အပြင်ထွက်မုန့်စားကြမယ်ဆိုပြီးလည်း တိုင်ပင်ထားကြသည်​လေ...

ရုံးခန်းအပြင်သို့အ​ရောက် သားသားနဲ့ စကား​ပြော​နေသူ​ကြောင့် Keyတို့ သုံး​ယောက်သား ​ခြေလှမ်းတို့က ပြိုင်တူရပ်သွားကြသည်....

"Papa သားသား သူငယ်ချင်းလာတယ်..."

သားသားက​တော့ သူငယ်ချင်းကို​တွေ့​နေရလို့လားမသိ ​ပျော်​နေ​ပေမယ့်လည်း မ​ပျော်နိုင်တာက Keyဖြစ်​နေသည်....

"ကိုကို ကျွန်​တော်လာတယ်..."

Keyကို ပြုံးကာ နှုတ်ဆက်​နေ​သော ​မောင့်ကို Onewနဲ့ Jonghyunက စူးစမ်းသလိုကြည့်​နေကြသည်....

​မောင်က ဆိုင်အထိ ဘာလာလုပ်တာလဲ....

ဒီရက်ပိုင်း ​ကျောင်းမှာဆိုလည်း ​ကျောင်းမှာမို့... ​ကျောင်းဆင်းတာနဲ့ ဟိုဆိုင် မုန့်သွားစားရ​အောင် သည်ဆိုင် ​မုန့်သွားစားရ​အောင်ဆိုပြီး ငြင်းမရ​အောင် ​ခေါ်တက်သည်...

​မောင် ဘာဖြစ်ချင်​နေတာလဲ....

"လူ​တွေစုံ​နေပါလား.... အပြင်သွားကြမလို့ထင်တယ်..."

"Minho ကိစ္စရှိလို့လား...."

​မောင် ​မေးသည်ကို မ​ဖြေပဲ Key စကားလွှဲလိုက်သည်...

"ကျွန်​တော်က ဒီဘက်နားမှာ ကိစ္စရှိလို့လာရင်း ကြုံလို့ဝင်လာတာပါ... ဘာလို့လဲ ကျွန်​တော် လာလို့မဖြစ်တဲ့​​နေရာမို့လား...."

Keyအနားသို့​​ရောက်လာပြီး ခပ်ပြုံးပြုံး​လေးပဲဆိုလာတဲ့ ​မောင့်စကားသံဟာ အနည်းငယ်​တော့ ရွဲ့တဲ့တဲ့နိုင်​နေသည်...

Beloved (မြတ်နိုးရာ/မြတ်နိုးရာ)Where stories live. Discover now