Beloved 7

91 10 17
                                    

U💙

"​မောင် ​ရော့ နွားနို့​လေး​သောက်ဦး..."

အပြင် ဝရန်တာလက်တန်းတွင် လက်တို့ကို ​ထောက်ပြီး အပြင်သို့​ငေး​နေ​သော ​မောင့်​ဘေးနားသွားရပ်ရင်း ​မောင့်ထံ နွားနို့ခွက်ကို ကမ်း​ပေးလိုက်​တော့ ​မောင်က လှမ်းယူသည်...

"ကိုကို ဘာလို့ အဲ့​လောက်​တောင် ​အေး​ဆေး​နေတာလဲ..."

​မောင်က Keyရှိရာဘက်သို့ ကိုယ်ကိုတ​စောင်းလှည့်ကာ Keyကို ကြည့်ပြီး ​မေးသည်...

"ဘာကိုလဲ ​မောင်..."

"Taemin ကိစ္စ​လေ..."

"​မောင့်ကို ကိုကို တစ်ခု​မေးမယ်​နော်..."

Key​ပြောလိုက်​တော့ ​မောင်က ​မေးဟု သ​ဘောဖြင့် ​ခေါင်းဆတ်ပြသည်...

"Taemin အ​ပေါ်  အခု ​​မောင် ဘယ်လိုသ​ဘောထားလဲ အမှန်တိုင်း​​ဖြေ​နော်..."

Key စကား​ကြောင့် ​မောင့်မှာ ခဏ​တာငြိမ်သက်သွားသည်...

​"​မောင် သူ့ကို သ​ဘောကျခဲ့တယ်ဆိုတာ ​မောင် ဝန်ခံတယ် ကိုကို... ဒါ​ပေမယ့် အဲ့ဒါက ငယ်ရွယ်စဥ်က စိတ်ကစားမိခဲ့ရုံပါ အ​နေနီးတာလည်းပါတာ​ပေါ့... အခု​တော့ ညီတစ်​ယောက်ထက် မပိုခဲ့ဘူး ကိုကို..."

​မောင် အမှန်ကို ​ပြော​နေတယ်ဆိုတာ ​မောင့်မျက်ဝန်း​တွေက​နေတဆင့် Keyသိလိုက်တယ်...

​မောင်နဲ့ Taeminက ​ဟိုးအရင်ထဲက သိ​နေကြတဲ့သူ​တွေ... ပြောရမယ်ဆို Taeminက ​မောင်တို့အိမ်ရဲ့ ​မွေးစားသား​ပေါ့... ​မွေးစားသားဆို​ပေမယ့် သားအရင်းနဲ့မခြား Taeminကို ချစ်ကြတာ Key အသိဆုံး...

​Taemin ဘွဲ့ရ​တော့ ကုမ္ပဏီမှာ ​မောင့်အတွင်း​ရေးမှူးအဖြစ် အလုပ်ခန့်ခဲ့တာလည်း ​မောင့် ​အ​​ဖေပဲဖြစ်သည်...

"​မောင်တို့ မှားခဲ့ကြတယ်ဆိုတာကလည်း တကယ် မ​တော်မဆ ဖြစ်သွားခဲ့တာ ကိုကို..."

​မောင့် အသံသည် အမှားနောင်တတို့ဖြင့်ပြည့်​နေသည်....

"ဒါ​ပေမယ့် ​မောင်ရယ် ကိုယ်မှားခဲ့တဲ့ အမှားကို ကိုယ်တာဝန်ယူသင့်တယ်​လေကွာ..."

"​မောင် သိပါတယ်... ဒါ​ကြောင့် ​မောင် ​ထောက်ပံ့​ပေးမယ်လို့ ​ပြောထားပြီးသား​လေ..."

Beloved (မြတ်နိုးရာ/မြတ်နိုးရာ)Donde viven las historias. Descúbrelo ahora