U💙
ဒီရက်ပိုင်း Minhoအတွေးထဲ ခဏခဏရောက်နေခဲ့တာက သားTaehoလေးရဲ့ သူငယ်ချင်း Choi Minki...
ထိုကလေးကို မြင်မြင်ချင်းပင် Minho စိတ်ထဲ ရင်းနှီးနေသလိုခံစားလိုက်ရသည်...
ထိုနေ့ကလည်း Minhoမြင်ခဲ့တာ ကိုကို ဟုတ်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ Taehoလေး ကျောင်းရှေ့တွင် စောစောသွားကာ စောင့်နေခဲ့ပေမယ့်...
ကျောင်းသာဆင်းသွားတယ် ကိုကိုကရောက်မလာ၍ Minho အမြင်မှားတာဟုပဲ မှတ်ယူလိုက်ရသည်...
ထို့နောက် Taehoလေးက သူငယ်ချင်းလက်ကိုတွဲ၍ ကျောင်းထဲကနေထွက်လာတာတွေ့လိုက်ရသည်...
ကြည့်ရတာ Taehoလေးပြောတဲ့ သူငယ်ချင်းအသစ်ဆိုတာထင်ပါရဲ့...
"Appa... Taehoရဲ့သူငယ်ချင်း Choi Minki..."
"မင်္ဂလာပါ ဦးဦး..."
"အေး အေး မင်္ဂလာပါ..."
ကလေးငယ်က နှုတ်ဆက်လာတာမို့ Minhoလည်း ကလေးငယ်နဲ့ အတူဖြစ်သွားစေရန် ငုတ်တုပ်ထိုင်ချကာ ခေါင်းလေးကို ခပ်ဖွဖွပုတ်ရင်း ပြန်နှုတ်ဆက်လိုက်သည်...
Minhoကို ရင်းရင်းနှီးနှီးပြုံးပြလာသော ကလေးငယ်ကို သေချာကြည့်မိတော့ ပြုံးလိုက်တော့မှ ပေါ်လာသော ပါးခြိုင့်လေးကိုတွေ့ရသည်... ဒီကလေးကို မြင်နေရတာ ဘာလို့ ကိုကိုနဲ့ တူတယ်လို့ Minho ခံစားမိနေရတာလဲ...
"သား အိမ်ကလာမကြိုသေးဘူးလား..."
"Papaလာကြိုမှာ..."
"သားသားရေ..."
"Samcheonnn!!..."
Minhoကို ပြန်ဖြေချိန်မှာပဲ အနောက်ကခေါ်လိုက်တဲ့ အသံတစ်ခုကြောင့် ထိုကလေးငယ် လှမ်းအော်လိုက်တာမို့ Minhoပါ လှည့်ကြည့်လိုက်မိသည်....
Minhoတို့ရှိနေရာကို တစ်လှမ်းချင်းလျှောက်လာသောသူသည် Minkiဆိုသော ကလေးငယ်၏ အုပ်ထိန်းသူပဲဖြစ်မည်ဟု Minhoတွေးလိုက်မိသည်...
"Samcheon Papaရော..."
"Papaက ကားပေါ်မှာစောင့်နေတယ်... ဒီနေ့ samcheonတို့ အပြင်မှာ မုန့်သွားစားကြမှာ..."