U💙
ကိုကိုက ဝတ်စုံတွေရပြီ လာယူဟုဆိုကာ Minhoထံ ဖုန်းဆက်လာသည်...
ပြီးတော့ နှစ်ယောက်တည်းလည်း အေးဆေးစကားပြောစရာရှိတယ်ဟုပြောသေးတာကြောင့် Minhoမှာ သားကို ommaတို့ဆီ အပ်ခဲ့ရသည်...
Minho ကိုကို့အလုပ်ကိုရောက်တော့ ညကိုးနာရီကျော်လောက်တော့ရှိတော့မည်...
ဆိုင်ကတော့ ပိတ်သွားပြီဖြစ်ပေမယ့်လည်း ကိုကိုက ဆိုင်ထဲမှာ ရှိနေသေးကြောင်းကိုတော့ ဆိုင်ထဲရှိ မီးရောင် ခပ်မှိန်မှိန်က ပြောပြနေသည်...
အရင်က ကိုကိုနောက်ကျတိုင်း Minho လာကြိုနေကြမို့ ဆိုင်ရဲ့မှန်တံခါးကို ဖွင့်ပြီး ဆိုင်ထဲသို့ဝင်ခဲ့လိုက်ကာ ကိုကို့ကို အသံပေးလိုက်သည်...
"ကိုကို..."
တုန့်ပြန်သံမကြားရတာမို့ အလုပ်ခန်းရှိရာကို တန်းသွားလိုက်ကာ အလုပ်ခန်းတံခါးကို အသာဟကာဖွင့်ကြည့်လိုက်တော့ ထင်သည့်အတိုင်း ကိုကိုက အလုပ်လုပ်နေသည်...
ကိုကို့သားလေးကတော့ အနီးရှိ စားပွဲတစ်ခုတွင် ကျောင်းစာတို့ကို ထိုင်လုပ်နေပုံပင်...
"ကိုကို!..."
Minhoခေါ်လိုက်တော့ ကိုကိုက အလုပ်လုပ်နေရာမှ တံခါးဝမှာ ရပ်နေသော Minhoကို လှမ်းကြည့်လာသည်...
"ရောက်လာပြီလား ခဏတော့ထိုင်ဦး... ငါ လက်စသတ်စရာလေးရှိနေလို့ပြီးတော့မယ်..."
ကိုကိုက Minhoကိုပြောရင်း Minkiလေးရှိရာကို ညွှန်ပြပြီး ထိုင်စေတာကြောင့် Minhoလည်း ခေါင်းငြိမ့်ပြရင်း Minkiလေးအနီးရှိခုံတွင် ဝင်ထိုင်လိုက်သည်...
Minkiလေးကတော့ စာကိုသာ အာရုံရောက်နေပုံပေါ်သည်... Minhoကို တစ်ချက်တောင်ကြည့်မလာ...
"သားသား ဘာတွေလုပ်နေတာလဲ..."
စာငုံ့ရေးနေသော Minkiလေးကို စကားပြောလိုက်တော့မှ Minhoကို ကြည့်လာပြီး နှုတ်ဆက်လာသည်...
"သားသားက ပုံဆွဲနေတာလား..."
Minho သေချာကြည့်မိတော့မှ Minkiလေးက စာလုပ်နေခြင်းမဟုတ်ပဲ ပုံဆွဲနေတာဖြစ်သည်....