U💙
*click*
တံခါးဖွင့်သံကြားလိုက်တာနဲ့ Minho လက်ထဲဖတ်နေသော စာအုပ်ကိုပိတ်ကာ ကုတင်ဘေးက မီးအိမ်ငယ်တင်ထားသော စားပွဲငယ်လေးပေါ် သို့လှမ်းတင်လိုက်သည်...
Minho စောင့်နေသည့် ကိုကိုက အခန်းထဲသို့ ဝင်လာကာ ကုတင်ဆီသို့လှမ်းလာနေသည်...
"သားတို့ အိပ်သွားပြီလား ကိုကို...."
"အွန်း အိပ်သွားပြီ မောင်... သားသားက နေရာပြောင်းလို့ထင်တယ် နည်းနည်းဂျီနေလို့ ချော့သိပ်နေတာကြောင့် ကြာသွားတာ..."
ကိုကိုက ကုတင်ပေါ်တက်လာပြီး ကုတင်ခေါင်းရင်းကိုမှီကာထိုင်နေသော Minhoရင်ခွင်ထဲတိုးဝင်ကာ လက်တို့ကတော့ Minho ခါးကိုဖက်ထားလာသည်....
ထိုသို့သော ကိုကို့ကို Minhoကလည်း ပြန်လည် ဖက်ထားလိုက်သည်...
"ကိုကို ပင်ပန်းနေပြီလား..."
"မပင်ပန်းပါဘူးကွာ... ဘာလို့ အဲ့လိုမေးတာလဲ..."
"ကိုကိုက သားတို့ကြောင့် ပင်ပန်းနေတယ်ထင်လို့... ခုက ကိုကို စောင့်ရှောက်နေရတာ သားသားတစ်ယောက်တည်း မဟုတ်တော့ဘူးလေ..."
"မပင်ပန်းပါဘူး... Taehoလေးလည်း ကိုကို့သားပဲလေ.... ဘာလို့ ပင်ပန်းရမှာလဲ...."
"ကျေးဇူးပါ ကိုကို... သားကိုရော မောင့်ကိုပါ လက်ခံပေးလို့..."
"ကျေးဇူးဆိုရင် ကိုကိုကလည်း ပြန်ပြီး ကျေးဇူးတင်တယ်... ကိုကို့ကို ခွင့်လွှတ်ပေးပြီး သားသားကို သားအဖြစ်လက်ခံပေးလို့..."
"ကိုကို့ကို အပြစ်မတင်ခဲ့တာမို့ ခွင့်လွှတ်တယ်ဆိုတဲ့ ကိစ္စလည်း ရှိမနေဘူး ကိုကို... ပြီးတော့ ပြောပြရဦးမယ်သိလား သားသားကို စတွေ့ထဲက မောင်က ရင်းနှီးသလို ခံစားရတယ်... ဒါပေမယ့် ကိုကိုက သားသားကို တခြားသူနဲ့ရခဲ့သလိုတွေပြောတုန်းကတော့ မောင် နည်းနည်းတော့ သားသားကို သဘောမကျသလိုဖြစ်ခဲ့သေးတာ..."
"အင်း... ဖြစ်သင့်ပါတယ်... ကိုကိုကလည်း လိမ်ပြောခဲ့တာဆိုတော့..."