Beloved 5

103 11 12
                                    

U💙

"​မောင် ကိုကို​တို့​တွေ့ကြရ​အောင်... အိမ်မှာ ​စောင့်​နေမယ်..."

​မောင် ကိစ္စ​တွေကို သိပြီး​နောက်​နေ့ကစပြီး Key ​မောင်နဲ့လည်း မျက်နှာခြင်းမဆိုင်ချင်တာရယ်...

ပြီး​တော့ ထိုကိစ္စနဲ့ပတ်သတ်ပြီး ​အေး​ဆေးစဥ်းစားချင်​နေတာလည်းပါ​တော့ ​မောင်နဲ့ မဆုံဖြစ်​အောင် Key အိမ်​တောင်မပြန်ဖြစ်ပဲ ဆိုင်မှာပဲ ​နေဖြစ်ခဲ့တာ ဒီ​နေ့နဲ့ဆို သုံးလေးရက်​လောက်ရှိပြီ... ​

မောင်ကလည်း လာမ​တွေ့ခဲ့ဘူး... အမှန်​တော့ ​မောင်က လာ​တွေ့ဖို့ကြိုးစားခဲ့​ပေမယ့် Keyက စဥ်းစားဖို့ အချိန်လိုတယ်ဟု​ပြောလိုက်ခြင်း​ကြောင့်ဖြစ်သည်...

ဒီ​နေ့​တော့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချပြီး​​နောက် ​မောင့်ထံ ဖုန်းဆက်ပြီး​ကာ Key အိမ်ကိုပြန်ခဲ့လိုက်သည်...

Key အိမ်ပြန်​​ရောက်​တော့ ​မောင်က ​ရောက်နှင့်​နေကာ ဧည့်ခန်းတွင် ထိုင်​နေသည်...

"ကိုကို ​ရောက်လာပြီလား...."

Key ဝင်လာတာကို မြင်​တော့ ဝမ်းသာသွားဟန်ဖြင့် ​လှမ်း​မေးလာ​သော ​မောင့်ကို ​ခေါင်းငြိမ့်ပြရင်း ​မောင်နဲ့ မျက်နှာခြင်းဆိုင်တွင် Key ဝင်ထိုင်လိုက်သည်...

မ​တွေ့ရတဲ့ သုံး​လေးရက်အတွင်း ​မောင်ဘာ​တွေများ ​ပြောင်းလဲသွားလဲဟု သိချင်၍ Key ​မောင့်ကို ကြည့်လိုက်သည်...

မျက်နှာ​လေး အနည်းငယ်​ချောင်ကျသွားရုံကလွဲပြီး  ​မောင်က ဒီအတိုင်းပါပဲ... စိတ်ဓါတ်ကျ​နေခြင်းဆိုသည်ကို ကိုယ်စားပြုသ​င်္ကေတဖြစ်တဲ့ နှုတ်ခမ်း​မွှေး​ရေး​ရေး​​လေး​တွေကို မြင်မိ​​တော့ ​မောင်နဲ့ လိုက်သားဟု မဆီမဆိုင်​တွေးမိသည်...

ထို့​နောက်မှာ​တော့ Key ​ပြောလာမယ့် စကားတို့ကို ​နား​ထောင်ဖို့ ​စောင့်​စားနေ​သော ​မောင့်ကို အကြည့်ချင်းဆုံ​အောင် အရင် ကြည့်လိုက်ပြီးမှ...

"​မောင်... ကိုကို ​သေချာစဥ်းစားပြီးပြီ... ​နောက်ဆုံးထွက်လာတဲ့ အ​​ဖြေက ဒီမှာ ​မောင်..."

Beloved (မြတ်နိုးရာ/မြတ်နိုးရာ)Where stories live. Discover now