U💙
"Key မင်း ခုတလောဘာဖြစ်နေတာလဲ..."
"ဟမ် ဘာမှမဖြစ်ပါဘူး..."
Onewကို လက်ထပ်ပွဲအတွက်ဝတ်စုံကို fittingချပေးနေရင်း ဘယ်လိုကဘယ်လို Keyအတွေးတွေက ကစားကွင်းတုန်းက အဖြစ်ဆီကိုရောက်သွားမိလဲမသိ...
"ဖြစ်နေပါတယ်... မင်းကိုကြည့်လိုက်တိုင်း တခုခုကို တွေးပြီး ပြုံးနေတာနော်... အပြုံးကလည်း ရှက်ပြီး ပြုံးတဲ့ အပြုံးမျိုး... ဘာလဲ သားသားကို မပေးချင်လို့ စိတ်လွတ်သွားတာတော့မဟုတ်ပါဘူးနော်..."
"အာ လွတ်စရာလား... ဘယ်လိုလဲ Onew ဝတ်ရတာ အဆင်မပြေတဲ့နေရာတွေရှိလား..."
Keyမေးလိုက်တော့ Onewက ကိုယ်လုံးပေါ်မှန်ရှေ့ ခန္ဓါကိုယ်ကိုတစ်ပတ်လှည့်ပြီးမှ...
"မရှိဘူး... အတော်ပဲ... နာမည်ကြီး ဒီဇိုင်နာက ချုပ်ထားတာပဲ ဘာမှကိုပြောစရာမလိုတာ..."
"Jonghyunလည်း ဝတ်ကြည့်ဦးလေ..."
Onewကို ငေးကြည့်နေသော Jonghyunထံ ဝတ်စုံကိုပေးလိုက်တော့ Jonghyunက သွားလဲသည်...
ခဏအကြာမှာ ပြန်ရောက်လာကာ Onewအနားတွင်လာရပ်လေသည်...
"ဝိုး ဝိုး... အရမ်းကို လိုက်တယ်ကွာ... လက်ထပ်ပွဲနေ့ကြရင် မင်းတို့နှစ်ယောက်က အတောက်ပဆုံးဖြစ်နေတော့မှာပဲ...."
Key ချုပ်ပေးထားတဲ့ ဝတ်စုံက နို့နှစ်ရောင်ကိုမှ
ကြွေသားဖြစ်တာကြောင့် Onewလို ဖြူဥဥလေးနဲ့လည်း တအားလိုက်ဖက်နေသလို Jonghyun ဝတ်လိုက်တော့လည်း လည်ပြန်ငေးကြည့်ရလောက်တဲ့အထိ လိုက်ဖက်ကာ ကြည့်ကောင်းလွန်းနေသည်...သူတို့နှစ်ဦးသည်လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်မဝသော မျက်ဝန်းများဖြင့် ကြည့်နေကြသည်...
သူတို့ရဲ့ မျက်ဝန်းတွေကလည်း အချစ်တွေနဲ့ လေးနက်လွန်းလှတာကြောင့် ထိုအချိန်လေးကို လက်လွတ်မခံပဲ Keyဖုန်းလေးဖြင့် မှတ်တမ်းတင်နေမိသည်...
"တကယ်ကွာ ငါချုပ်ပေးဖူးသမျှအတွဲတွေထဲမှာ မင်းတို့က အလိုက်ဖက်ဆုံးပဲ...."