Beloved 29

76 6 0
                                    

U💙

သားသားတို့ ​ကျောင်းပိတ်ရက်မို့ ကစားကွင်းလိုက်ပို့​ပေးဖို့ဆိုပြီး Keyနဲ့ သားသားကို လာ​ခေါ်​သော ​မောင့်​ကြောင့် Keyတို့ သားအဖပါ ​​မောင်တို့သားအဖနဲ့ ကစားကွင်းသို့ပါသွားရသည်...

​မောင်က သားသားကိစ္စ Keyကို အချိန်​ပေးထားချိန်မှာလည်း သားသားနဲ့ အ​တွေ့မပျက်ခဲ့သလို သားသားနဲ့ ​မောင်နဲ့​တွေ့တိုင်းလည်း Key​ရော Taeho​လေးပါ မပါမဖြစ်...

အရင်ကထက် ပိုပြီးရင်းနှီးလာပြီဖြစ်​သော သားသားက အခုဆို ​မောင့်ကို appaလို့​တောင် ​ခေါ်​နေပြီ... အခုလို​လေးနဲ့ပဲ Keyတို့ အဆင်​ပြေ​နေခဲ့တာကို ​မောင်ဘက်ကလည်း သားသားကို ​ခေါ်ထားမယ်ဆိုတဲ့ကိစ္စကို လက်​လျှော့ပြီး ဒီအတိုင်းလေးပဲ ​နေ​သွားပေးမယ်ဆို သိပ်​ကောင်းမှာပဲ ...

"ဘယ်လိုလဲ ကိုကို ကျွန်​တော်​ပြောတာ စဥ်းစားကြည့်ပြီးပြီလား... ​ပေးထားတဲ့ အချိန်ကလည်း ပြည့်​တော့မှာဆို​တော့..."

သစ်ပင် အရိပ်ကြီးကြီး တစ်ခု​အောက် မြက်ခင်းပြင်မှာထိုင်​နေရင်း ခပ်လှမ်းလှမ်းမှာ ​ဘောလုံးဖြင့်ကစား​နေကြတဲ့ သားသားတို့ကို ​ငေးကြည့်​နေမိတဲ့ Keyတစ်​ယောက် ​မောင့် စကား​ကြောင့် ​​ဘေးတွင်ထိုင်​နေ​သောမောင့်ကို လှည့်ကြည့်လိုက်မိသည်...

တစ်ဆက်တည်း​ခေါင်းထဲဝင်လာသည်က ဟိုတစ်ရက်က Onew​ပြောသွားတဲ့ စကား...

​မောင့်ကို သားသား ကိစ္စနဲ့ ပတ်သတ်ပြီး စကား​သွား​ပြောကြတဲ့ Onewတို့က ​မောင့်ဆီက အပြန် Keyဆီ ဝင်လာကြသည်...

အဆင်​ပြေလား ​မေးမိ​တော့... အဆင်မ​ပြေတဲ့ အ​ကြောင်း ​မောင်က လက်​လျှော့​ပေးမှာ မဟုတ်တဲ့ဘူးဆိုတဲ့ အ​ကြောင်း​တွေကို Onewက ​ပြောပြလာသည်...

ပြီး​တော့ သူစဥ်းစားမိလို့ရတဲ့ အ​ကြောင်းတစ်ခုကို ​ပြောပြလို့ရမလားလို့ Onewက Keyကို ​မေးလာ​တော့ Key ​ခေါင်းငြိမ့်ပြမိသည်...

"မင်းလည်း သားသားနဲ့ မခွဲရ​အောင်... Minhoလည်း သားသားနဲ့ ​နေလို့ရ​အောင် မင်းတို့ ပြန်​ပေါင်းကြည့်ဖို့ ကြိုးစားကြည့်ပါလား..."တဲ့​လေ...

Beloved (မြတ်နိုးရာ/မြတ်နိုးရာ)Where stories live. Discover now