U💙
Key သားတို့ကို ရှူးရှူးသွားတည်ပြီးပြန်လာတော့ မောင့်ကို မိသားစုဖြစ်ဟန်တူသောလူအချို့နဲ့ စကားပြောနေသည်ကိုတွေ့လိုက်သည်...
ပြီးတော့ မောင့်လက်ထဲတွင်လည်း သုံးနှစ်သာသာခန့် ကလေးမလေးတစ်ယောက်ကို ချီထားသည်...
"မောင်...."
မောင့်ကို လှမ်းအသံပေးလိုက်ပြီး မောင့် အနီးတွင် သွားရပ်လိုက်သည်...
"ပြန်လာပြီလား ကိုကို...."
"အင်း..."
မောင့် အမေးကို ခေါင်းငြိမ့်ပြရင်း မောင်နဲ့ စကားပြောနေသည့် သူတို့ကို စူစမ်းသလို Keyလိုက်ကြည့်မိတော့ မောင်က ရိပ်မိသည်ထင်သည်...
"မောင်တို့လိုပဲ လာလည်ကြတာလေ... ဒီသမီးလေးက ချစ်ဖို့ကောင်းလို့ မောင်က ခဏချီခွင့်တောင်းလိုက်တာ..."
မောင် ချီထားသော ကလေးမလေးကို Keyသေချာမိသည်... မောင်ပြောသလိုပင် တကယ်ပင် ချစ်ဖို့ကောင်းပါသည်...
အသက်အရွယ်လေးနဲ့လိုက်ဖက်သော ဝဝဖောင်းဖောင်းခန္ဓါကိုယ်လေးနဲ့ ကလေးမလေးက အပြာနုရောင်ဂါဝန်လေးဝတ်ထားပြီး ခပ်တိုတိုဆံပင်ဝိုင်းဝိုင်းကုပ်ကုပ်လေးညှပ်ထားသည်က မျက်နှာဝိုင်းဝိုင်းလေးနဲ့လိုက်ဖက်လွန်းလှသည်...
မောင်ကတော့ ထိုကလေးမလေးကို ကြည့်ရင်းချစ်မဝဖြစ်နေပုံပင်... ပြီးတော့ ထိုမိသားစုတွင် မောင်ချီထားသော ကလေးလေးအပြင် သားတို့ထက် လေးငါးနှစ်လောက်ကြီးသော ကလေးမလေးတစ်ယောက်ပါ,ပါသေးသည်...
မောင်သည် ကလေးမလေးကို ချီထားလျက်နဲ့ပင် Keyတို့သားအဖတွေကို ကလေးမလေးရဲ့ မိဘတွေနဲ့မိတ်ဆက်ပေးသည်...
Key အနည်းငယ်လောက် စကားပြောဖြစ်ကြပြီးနောက်မှာတော့ ထိုမိသားစုလေးက Keyတို့ကို နှုတ်ဆက်ကာ သူတို့လည်းထွက်သွားကြတော့သည်...
"ကိုကို ကလေးမလေးကချစ်စရာလေးမလား..."
Tentထဲတွင် သားတို့နဲ့အတူ လိမ္မော်သီးတွေ ခွာစားကြရင်း မောင်က ပြောလာသည်...