U💙
နေ့လည်စာကို ကိုကိုချက်ကျွေးတာကိုမှ စားချင်ပါတယ်ဟုဆိုလာသော မောင့်ကြောင့် အိမ်ကိုပြန်ကာ နေ့လည်စာချက်ကျွေးရသည်...
စားပြီးလို့ ပြန်ချိန်ရောက်တာတောင် ကုမ္ပဏီကို မပြန်တော့တဲ့ မောင့်ကြောင့် Keyပါ အလုပ်ကို ပြန်မသွားဖြစ်တော့ပေ...
"CEOကြီး အလုပ်တွေ အရမ်းပျက်နေတယ်နော်..."
ဧည့်ခန်းထဲထိုင် Keyချပေးထားတဲ့ အချိုပွဲကို စားနေတဲ့ မောင့်ဘေးဝင်ထိုင်ကာ ပြောလိုက်တဲ့ Keyကို နောက်ကနေ သိုင်းဖက်ပြီး မောင်ကရင်ခွင်ထဲ ဆွဲသွင်းသည်...
"ဒီနေ့တစ်ရက်ပါပဲကွာ... နောက်နေ့တွေကျ မှန်စေရမယ်... ကိုကို့မျက်နှာလေးမြင်လိုက်ရတော့ မပြန်ချင်တော့တာ..."
"အပိုတွေက လုပ်ပြီ... နေ့တိုင်း ခဏခဏမြင်နေရတာပဲကို..."
Keyပြောလိုက်တော့ မောင်က သဘောကျစွာရယ်လေတော့သည်...
"မောင် ommonyiတို့က ကိုကို့ကို ပြန်လက်ခံပေးနိုင်ပါ့မလားဟင်..."
Key စိတ်ပူစွာ မောင့်ကို မေးလိုက်သည်... မောင်နဲ့ ပြန်လက်တွဲဖို့ရာ ommonyiတို့ကရော Keyကို လက်ခံပေးနိုင်ပါ့မလား...
"ဘယ်လိုတောင် မေးလိုက်တာလဲ ကိုကိုရာ... တကယ်အပြစ်ရှိတဲ့သူက မောင်လေ... ommaတို့က မောင့်ကိုပဲ အပြစ်တင်နေကြတာ... အဲ့ဒါထက် ကိုကို့မိဘတွေကရော မောင့်ကို အပြစ်တွေတင်နေမှာပဲနော်..."
"အင်း ပထမတော့ စိတ်ဆိုးနေကြတာပေါ့... နောက်တော့လည်း သားသားမျက်နှာကြောင့် မောင့်ကို စိတ်မဆိုးကြတော့ပါဘူး..."
"ကိုကိုနဲ့ ommonyiတို့ ဘယ်အချိန်ထဲက အဆက်အသွယ်ရှိနေတာလဲ..."
"သားသားတစ်နှစ်လောက်မှပါ... အဲ့တုန်းကတော့ ommaတို့က မောင့်ကို စိတ်ဆိုးနေကြတော့ ကိုကို့အကြောင်းတွေ ဘာမှမပြောခဲ့ကြတာလေ..."
"အင်း အဲ့ဒါကြောင့် မောင် သွားမေးတိုင်း မသိဘူးဆိုပြီးပဲ ငြင်းလွှတ်ခဲ့ကြတာကိုး... ဒါနဲ့ ကိုကို... သားသားကို မွေးတုန်းက အရမ်းပင်ပန်းခဲ့မှာပဲနော်..."