U💙
"Choi Minho... Choi Taeho... Choi Minki... သုံးယောက်လုံးမပြီးကြသေးဘူးလား... အိပ်ရာထတော့လည်းနောက်ကျ... အခုပြင်နေတာလည်း မပြီးနဲ့ လေယာဥ်ချိန်တော့ မှီဦးမယ်နော်..."
Keyတစ်ယောက် ဧည့်ခန်းထဲတွင် ခရီးသွားဖို့လိုအပ်တာတွေ ပြန်စစ်ရင်း... အထဲက သားအဖသုံးယောက်ကို လှမ်းအော်လိုက်သည်...
မနက်ခရီးသွားမှာကို ညကမှကပ်ပြောတဲ့ မောင့်ကြောင့် Keyမှာ မနက်အစောထဲက အလုပ်တွေရှုပ်နေရသည်...
မောင်တို့ သားအဖတွေကတော့ အိပ်ကောင်းနေကြကာ မနည်းနှိုးရသည်... မောင့်ကို စောစောမနှိုးရက်တာကလည်း ဒီရက်ပိုင်း မောင် အလုပ်တွေပင်ပန်းနေတာကို Keyသိနေလို့...
"လာပြီ... ပြီးပါပြီ ကိုကိုရဲ့..."
အသံနဲ့အတူ အခန်းထဲက ထွက်လာတဲ့ သားအဖသုံးယောက်ကို Key ပစ္စည်းတွေစစ်နေရင်းနဲ့မှ လှမ်းကြည့်လိုက်တော့ သုံးယောက်သားက အခန်းဝမှာ မော်ဒယ်တွေလို စတိုင်လ်မိမိနဲ့ ဟန်ပါပါရပ်နေကြသည်...
မောင်အထူးစီစဥ်ထားသော Keyတို့ မိသားစုလေးယောက်ပုံ ပုံနှိပ်ထားတဲ့ တီရှပ်အဖြူလေးကို ဂျင်းပင်န်မိုးပြာရောင်ထဲ ထည့်ကာဝတ်ထားတဲ့ မောင်က အသက်သုံးဆယ့်ငါးနှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင်ပါလို့ ပြောရင် ယုံနိုင်စရာတောင်မရှိ...
ထို့အပြင် ပဲထုတ်လာမှန်းသိသာစွာဝတ်ထားတဲ့ အနက်ရောင်ဦးထုတ်အဝိုင်းလေးရယ် နေကာမျက်မှန်အနက်ရောင်နဲ့ မောင်က တကယ့်ကိုလူငယ်ရှုံးလောက်သည်...
မောင်တင်ပဲလားဆိုတော့ မဟုတ်ပါ... မောင့်ဘေးနားရပ်နေတဲ့ ChoiMinho ပေါက်စနှစ်ယောက်လည်း ထို့အတူပင် မောင်ဝတ်ထားတဲ့တီရှပ်နဲ့အဆင်တူ တီရှပ်လေးကို ဒူးအတိကြိုးသိုင်းဂျင်းဘောင်းဘီလေးနဲ့ မောင့်လို ဦးထုတ်အဝိုင်းလေးနဲ့နေကာမှန်ကို ဝတ်ထားကာ ဟန်ပါပါနဲ့ မော်ဒယ်လ်တွေလို ရပ်နေကြတဲ့ သားတို့ကို ကြည့်ပြီး Keyမှာ ချစ်လွန်းလို့ အသည်းတယားယားဖြစ်နေမိသည်...