U🌹
တံခါးသွားဖွင့်သော မောင့်အနောက်သို့ အသာထလိုက်သွားပြီး သားတို့ဝင်အလာကို တံခါးဝရဲ့ ခပ်လှမ်းလှမ်းကနေ Keyရပ်စောင့်နေလိုက်သည်...
"papa!!!..."
"Taeho!... Minki!..."
တံခါးဖွင့်ပေးသော မောင့်ကို ကျော်ပြီး Keyထံသို့ ပြေးလာကာ ဖက်တော့မည့် သားနှစ်ယောက်ကို မောင်က အင်္ကျီဂုတ်ကနေအမြန်ဖမ်းဆွဲလိုက်တော့ သားတို့က မောင့်လက်ထဲတွင် ယက်ကန်ယက်ကန်...
"မင်းတို့က အဲ့လို့ပြေးပြီးဖက်ရင် papaဗိုက်ကို ထိသွားလိမ့်မယ်လို့ appaပြောထားတာမမှတ်မိဘူးလား..."
"မှတ်မိပါတယ် appa..."
မောင်ဆူလိုက်တော့ သားနှစ်ယောက်က မျက်နှာလေးငယ်ကာ ခေါင်းငုံ့သွားတော့သည်...
"သားတို့က papaကို လွမ်းနေလို့ပါ..."
"အေးလေ မောင်ရယ်... သားတို့ကို ဆူမနေတော့နဲ့... papaဆီလာခဲ့ကြ... မောင် လွှတ်ပေးလိုက်တော့..."
မောင့်ကို ပြောပြီး သားတို့ကိုလှမ်းခေါ်လိုက်တော့ Keyရှိရာ ဖြည်းဖြည်းချင်းလျှောက်ကြလာ၏...
"အဟမ်း..."
ချောင်းဟန့်သံကြောင့် တံခါးဝသို့ မောင်ရော Keyပါ လှမ်းကြည့်မိသည်...
"Hyung!..." "Minseok hyung!..."
"အေး ဟုတ်တယ်... ငါပါလာတယ် ဟေ့..."
ခပ်တည်တည်နဲ့ ပြောလာတဲ့ Minseok hyungကြောင့် Keyရော မောင်ရော ပြိုင်တူပြုံးမိသွားသည်...
ပုံမှန်ဆို ဒရိုင်ဘာဦးလေးကြီးကသာ လိုက်ပို့ပေးတက်ကာ အိမ်အထိလည်း လိုက်မလာတက်သော ဦးလေးကြီးကြောင့် အရင်လိုပဲ ဘယ်သူမှမပါဘူးထင်နေတာ...
"Hyungက ကိစ္စရှိလို့လား..."
"ဟုတ်တယ် ကုမ္ပဏီကိစ္စပြောစရာလေးရှိလို့..."
Key ကိုယ်ဝန်စရှိထဲက မောင့်အလုပ်တွေကို Minseok hyungကို အကူညီတောင်းကာ လွှဲထားခဲ့သည်လေ...
Minseok hyungကလည်း သူ့ကုမ္ပဏီတစ်ဖက်နဲ့ မောင့်အလုပ်တွေကိုလည်း ကူပေးရှာသည်...