Part (3)

1.5K 87 1
                                    

သူ

🌸pann

Part (3)

တော်သေးတယ် ဒီနေ့ သူ ရုပ်ရှင်လိုက်ပြပေးလို့.. မနေ့ညနေက ရန်ဖြစ်ပြီး လိုက်မပို့ဘူးလို့ ပြောထားတာလေ ။

ရန်ဖြစ်နေရင်းက လိုက်မပို့တော့ဘူး ပြောလို့ နန်းမြတ် ဒေါသပိုထွက်ပြီး သူနဲ့စကားများပြန်တာလေ.. ဒီတော့ ရန်ဖြစ်နေရင်းက ရန်ထပ်ဖြစ်လို့ အချိန်အကြာကြီး စကားများခဲ့ကြတာလေ..အိမ်ရောက်တဲ့ထိ မပြီးနိုင်ကြလို့ အမေတို့ကတောင် ကြားဝင်ပြီး ဖြေရှင်းပေးရသေးသည်လေ ။

ဒါပေမယ့် မနက်ကျတော့ နှစ်ယောက်သားက ဘာမှမဖြစ်ကြသလိုမို့ နှစ်ယောက် လုံးကို အိမ်ကလူတွေ ပြောကြသေးတာလေ..

မနေ့က ရန်ဖြစ်ကြတာ သူတို့နှစ်ယောက် မဟုတ်တဲ့အတိုင်း ပဲတဲ့.. ။

ဟုတ်သည်.. နှစ်ယောက် က ဘယ်လောက် ရန်ဖြစ်ထားထား နောက်ရက်ထိကူးပြီး ရန်စကို မယူသွားတတ်ကြဘူး

တစ်ယောက်နဲ့တစ်ယောက်ကြား အဖုထစ်မရှိအောင်လည်း  မကျေနပ်တာတွေကို ဖြေရှင်းဖို့ ရက်တစ်ရက် သတ်မှတ်ထားတတ်သည်.. အဲ့နေ့ကျ ကြိုက်တာပြော ဘာမဆို လက်ခံပေးတတ်သည် ။

" ဘာစားမလဲ.. "

သူတို့သုံးယောက်က လက်မှတ်ဖြတ်ပြီး နန်းမြတ်တို့ဆီ ပြန်လာကာ မေးသည်.. ။

" ကြိုက်တာစားလို့ ရလား.. "

" အင် ဘာစားမလို့လဲ.. "

" သရက်သီး စားမယ် "

" ဗိုက်အောင့်မယ် မစားနဲ့ "

" ရေခဲမုန့် စားမယ် "

" အဲ့ဒါ မစားရပါဘူး.. ရာသီဥတု ကြည့်ဦး သာယာနေလား "

" ရာသီဥတုက ရာသီဥတု လေ.. သူ့သူ မိုးအုံ့နေတာ ငါနဲ့ဘာဆိုင်လို့လဲ "

" နင်စားမှာမလို့ နင်နဲ့ဆိုင်တယ်လေ.. ပြီးရင် နေမကောင်း ဖြစ်တတ်တာ ဘယ်သူလဲ "

" အာ့ဆို ခေါက်ဆွဲဘူး စားမယ်.. "

" ဟိုတရက်ကမှ ခေါက်ဆွဲဘူး စားထားသေးတာလေ မစားရဘူး.. ခေါက်ဆွဲ ဆိုတာက တစ်ပတ်တစ်ခါ လောက်ပဲ စားသင့်တယ် သူကအစာကျေမလွယ်ဘူး ဒါ ငါဘယ်နှခါ ပြောထားပြီးပြီလဲ "

သူ (Unicode)Donde viven las historias. Descúbrelo ahora