Part (2)

1.7K 90 0
                                    

သူ

🌸pann

Part (2)

ဘုတ်.. ။

ဆိုဖာခုံပေါ် ခြေပစ်လက်ပစ် ပစ်ထိုင်လိုက်တဲ့ သမီးဖြစ်သူ နန်းမြတ်ကြောင့် ဒေါ်နန်းငယ် မေးရပြီ..

" ဟဲ့ သမီး.. ဘာဖြစ်လာတာလဲ "

" ဘာမှမဖြစ်ဘူး "

ဘုတောတောလေး ပြန်ဖြေပုံထောက်လို့ကတော့ ထုံးစံတိုင်း အစဉ်လာဆင်နွှဲခဲ့ပြန်ပြီ ထင်တယ် ။

ဒေါ်နန်းငယ် နာရီတစ်ချက် လှမ်းကြည့်ကာ..

" ဒီနေ့ သမီး စောပြန်လာတာလား.. "

အရင်က ဒီချိန် အိမ်ကိုပြန်လာနေကြမှ မဟုတ်တာ.. ကျောင်းကပဲပြန်လာလာ တစ်နေရာရာ သွားကြလို့ပဲ ပြန်လာရင်ပဲဖြစ်ဖြစ် အိမ်ကိုတန်းမပြန်လာတတ်ဘူးလေ.. ဘေးအိမ်က သားစစ်တို့ အိမ်မှာပဲ နေတာများသည် လေ ။

နားရက်လည်း အိမ်မှာနေတယ်ဆိုတာ မရှိ..သားစစ်နဲ့သွားလည်ရင်လည် မလည်ရင် သားစစ်အိမ်မှာပဲ နေတာများသည်

တည့်သာမတည့်တယ်.. အမြဲတပူးပူး တတွဲတွဲ

" အဲ့အိမ်မှာ အဲ့ကောင်နဲ့မနေချင်လို့ ပြန်လာတာ.. "

ရယ်မိပါသည်.. ။

ဒီကလေးနှစ်ယောက် အဆင်ပြေတဲ့အချိန်ဆိုတာ ခပ်ရှားရှားမို့.. တည့်နေကြတယ်ဆိုရင် အံ့ဩ မိမှာ အမှန်

" ဘာဖြစ်လာပြန်ရတာလဲ.. "

" မသိဘူး.. နေရာတကာ မိန်းမကြီးအတိုင်း ပွစိပွစိနဲ့ လိုက်ပြောနေတာ လွတ်လွတ်လပ်လပ်ကို မနေရဘူး.. မုန်းဖို့ကောင်းလိုက်တာ "

" အဟင်း.. တကယ်လည်း မမုန်းနိုင်ဘဲနဲ့ သမီးရယ် "

ကြည့်..အမေကပါ နန်းမြတ်ကို အထင်စမော တာပေါ့လေ ။

အခုတောင် အဲ့အိမ်က ပြေးထွက်လာတော့ အနောက်ကနေ အဲ့အကောင်က လှမ်းအော်ပြောသေးတယ် မလား.. နန်းမြတ်က သူ့ကိုဘယ်တော့မှ မုန်းမရစေရဘူး လို့လေ .. ခုလည်း အမေကပြောပြန်ပြီ မုန်းရလို့လား တဲ့ ။

ဟိုလူကလည်း ပြော..ဒီလူကလည်း ပြောနဲ့ အဲ့လောက် အထင်စမောနေတာ

သူ (Unicode)Where stories live. Discover now