သူ
🌸pann
Part (12)
စစ်သွေးက ဘတ်စကပ်ဘော ဆော့နေတယ်.. ထရိန်နင် ဆင်းတယ်လို့ရော ပြောလို့ရပါတယ် လေ ။
ကေဇင်တို့ကလည်း အိမ်အစောပြန်သွားတယ်..နန်းမြတ်ကတော့ စစ်သွေးကို စောင့်နေရတာ
" ဘုတ်.. "
" အမလေး "
နန်းမြတ် မေဂျာဆောင်ရှေ့ ထိုင်နေရင်း ရုတ်တရက် ကျောကို အားတစ်ခုခုနဲ့ ရိုက်ခံလိုက်ရတာကြောင့် လန့်လည်းလန့်သွားရသလို နာလည်းနာသွားရသည်.. ။
" ဟို ဆောရီးဗျ.. ကျွန်တော်တို့ သူငယ်ချင်းတွေ စရင်း ထိမိသွားတာ "
" ဟုတ်ကဲ့. ရ ဟင် "
" ကိုရေနွေး "
" ဟင် မင်း.. "
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် လက်ညိုးထိုး ပြောနေကြရင်း မျက်နှာက ပြီတီတီ ဖြစ်လာရသည်.. ။
" ဟင်းဟင်း.. ဟားဟား "
နှစ်ယောက်သား တစ်ပြိုင်နက် ရယ်မိသည် ။
နန်းမြတ်တို့ကလည်း တွေ့လိုက်ရင်ကို အဆင်ချောချောနဲ့ကို မတွေ့ဖြစ်ဘူး..
ဒီတစ်ခါနဲ့ဆို သုံးကြိမ်မြောက်ပါ တွေ့ဖြစ်ကြတာ.. ဒါပေမယ့် သုံးကြိမ်လုံးကတော့ နန်းမြတ်တို့ ကတောက်ကဆ တွေချည်း ဖြစ်နေတာက ရယ်ချင်စရာပါလေ ။
" ငါတို့ကတော့ တစ်ယောက် တစ်လှည့် ချ နေတာ.. "
" ဟင်းဟင်း.. ဟုတ်ပါ့ "
" မင်းနဲ့ဆိုင်တိုင်း စကားတွေတော့ ပြောဖြစ်ပေမယ့် မင်းနာမည် လည်းမသိရသေးဘူး.. ငါ့ကိုယ်ငါ အရင်မိတ်ဆက်မယ် ငါ့နာမည် က အောင်လွင်စိုး မြန်မာမေဂျာ ပထမနှစ် "
ဟိုဘက်က အလိုက်သိနဲ့ မိတ်ဆက်နေတာ နန်းမြတ်က လည်း အလိုက်သိသိနဲ့ ပြန်မိတ်ဆက်သင့်တာမို့
" ငါ့နာမည်က နန်းမြတ်သီရိ.. သချာင်္ ပထမနှစ် "
" ရှမ်း လား "
" အဟင်း.. ရှမ်း မဟုတ် ပအို့ဝ် မဟုတ်တဲ့ ဗမာ ပါ "
" ရုပ်ကတော့ ဗမာရုပ် သိပ်မပေါ်ဘူးနော်.. "
YOU ARE READING
သူ (Unicode)
Romance" ငါက ဒစ်ဖရန်ရှိတ် (differentiate) ဆို သူက အင်တီဂရယ် (integral) လို လူ.. ပုံစံဆင်တူပေမယ့် အကြောင်းရာ ကွာနေသလိုမျိုးပဲ " " နင်ဖွင့်တဲ့အချစ် အဓိပ္ပာယ် ကြီးကလည်း ဆန်းဆန်းကြီး " " သချာင်္ကျောင်းသူဆိုတော့ နီးရာ နှိုင်းပြရတာပဲ.. " . " နင် ငါ့ကို သဝန်တိုနေ...