သူ
🌸pann
Part (8)
" အဟွန်း.. "
နန်းမြတ် မနေ့ညက အကြောင်းလေး ပြန်တွေးရင်း ပြန်ပြုံးနေမိသည်.. ။
စာသင်နေရင်း ပြုံးစိစိဖြစ်နေတဲ့ နန်းမြတ်ကို ကေဇင် မျက်မှောင်ကျုံ့ကြည့်နေလိုက်သည်..
" ဟဲ့ နန်းမြတ်.. ဘာဖြစ်နေတာလဲ "
ရှေ့မှာ ဆရာမ စာသင်နေတာကြောင့် ကေဇင် တီးတိုးမေးလိုက်ရတာ.. ။
" ဘာမှမဖြစ်ပါဘူး "
" ဘာမှသာ မဖြစ်တယ်.. ရုပ်က စပ်ဖြီးဖြီးနဲ့ ပြောစမ်း ဘာဖြစ်နေတယ် ဆိုတာ "
" ဘာမှမဖြစ်ဘူး.. တကယ် "
" စစ်သွေး နဲ့မှ ကင်းပါလေစ.. "
အဟွန်း.. သဘောကျမိလို့ ထပ်ပြုံးမိသည်
" သေချာပြီ.. ဒီအနေထားဆို စစ်သွေး နဲ့ မကင်းမကင်းဖြစ်တယ် ဆိုတာ "
ကေဇင်က နန်းမြတ်ကို ပြောရင်း စစ်သွေး ရှိတဲ့ဘက် လှည့်ကြည့်နေတာမို့ နန်းမြတ်လည်း လှမ်းကြည့်လိုက်ပါသည်.. ။
သူက စာမှတ်နေရင်း ခေါင်းမော့ကာ ဆရာမ ပြောတာ စိတ်ဝင်တစား လိုက်နားထောင်နေရင်း နန်းမြတ်တို့ဆီ အကြည့် ဖျတ်ခနဲ ရောက်လာသည်..
နန်းမြတ်တို့နှစ်ယောက် ကြည့်နေတာနဲ့တိုးတော့ သူက မျက်ခုံးတွန့်နေအောင် ကွေးပြီး ဆရာမဘက်ကို လက်ညိုးထိုးပြသည်..
' စာကြည့်.. ' ဆိုတဲ့ သဘော ။
နန်းမြတ်နဲ့ကေဇင် ရယ်ပြီး အရှေ့လှည့်တော့ ဆရာမ အကြည့်နဲ့တိုးပြီ.. ရင်ထဲ ထိတ်ခနဲ ဖြစ်ကာ မျက်နှာပိုးသတ်ပြိး စာကိုလိုက်ကြည့်နေလိုက်သည်..
တော်သေးတာပေါ့.. ဘာမှမဆူမပြောလို့ ။
.
နန်းမြတ်နဲ့ကေဇင် အတန်းပြီးတာနဲ့ ကျောင်းကန်တင်းက မုန့်ဆိုင်မှာ မုန့်ဝယ်ပြီး မေဂျာဆောင်ရှေ့က အုတ်ခုံမှာ ထိုင်နေလိုက်သည်..
ဟိုသုံးယောက်က ထရိန်နင် ဆင်းရမယ် ဆိုပြီး စာသင်ချိန် ဆရာလာခေါ်သွားသည်လေ.. အခုထိလည်း ထရိန်နင် ဆင်းနေကြသေးတယ် ထင်တယ်
YOU ARE READING
သူ (Unicode)
Romance" ငါက ဒစ်ဖရန်ရှိတ် (differentiate) ဆို သူက အင်တီဂရယ် (integral) လို လူ.. ပုံစံဆင်တူပေမယ့် အကြောင်းရာ ကွာနေသလိုမျိုးပဲ " " နင်ဖွင့်တဲ့အချစ် အဓိပ္ပာယ် ကြီးကလည်း ဆန်းဆန်းကြီး " " သချာင်္ကျောင်းသူဆိုတော့ နီးရာ နှိုင်းပြရတာပဲ.. " . " နင် ငါ့ကို သဝန်တိုနေ...