သူ
🌸pann
Part (1)
ဘုန်း..
" အမလေး.. "
နန်းမြတ် ကြောင့် ဘေးလူတွေတောင် လန့်ရပြီ.. ။
" ဘာဖြစ်လာပြန်တာလဲ နန်းမြတ်ရယ်.."
" ခုံက ဖိုင်ဘာ ခုံ.. ကျိုးရင် မရှုမလှ ခံနေရမယ်"
ဟိဏ်းစစ်သွေး နန်းမြတ် ကို ပြောရင်း မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်သည်..
ဒါကို နန်းမြတ်က သူ့ကိုလှည့်မကြည့် မျက်နှာလွှဲကာ လက်ပိုက်ထိုင်နေတာလေ ။
" ဟော နင်တို့နှစ်ယောက် ဘာဖြစ်လာပြန်ပြီလဲ.."
" ငါက ဘာမှမဖြစ်ဘူး..အဲဒီ့ကောက်စိန်ကိုမေး "
" ဘာကောက်စိန်လဲ "
" အခုကောက်နေတာ မဟုတ်ဘူးလား.."
" စိတ်ကောက်ရအောင် ငါက ကလေးသူငယ် လား.. "
" ငါ ဘယ်သိမလဲ.. "
" စစ်သွေး.. "
" ဟဲ့ နန်းမြတ် ဘာလို့အဲ့လောက် အော်နေတာ လဲ..သူများတွေ ဝိုင်းကြည့်နေပြီ "
နန်းမြတ် လက်မောင်းကို ကေဇင် အသာကုတ်ကာ သတိပေးရသည်..
သတိမပေးလို့လည်း မရဘူးလေ.. အပေါ်ထပ်ကန်တင်း က မျက်လုံး တွေ ဒီဝိုင်းပေါ် ရောက်နေပြီလေ ။
ကေဇင်တို့အတွက် အထူးဆန်းမဟုတ်ပေမယ့် မသိတဲ့ လူတွေကတော့ ထူးဆန်းထွေလာ ဖြစ်မှာပဲ
" ဘာဖြစ်လာတာလဲ မင်းတို့နှစ်ယောက် က.."
စိုင်းသီဟ က ကြားထဲ မေးရပြီ..။
" နင်တို့ပဲ စဉ်းစားကြည့်ဟယ်.. "
ဟော နန်းမြတ်တို့ ဘယ်လောက် ပြောချင်နေလဲ အဲ့ဒါသာကြည့်.. အတင်းကြပ် မမေးရသေးဘူး လှုပ်လှုပ်ရွရွ ဖြစ်လာပြီ ။
" စဉ်းစားမနေနဲ့ အတုံး အတစ်လိုက် စားပေးလိုက်.. "
ထုံးစံတိုင်း ဟိဏ်းစစ်သွေး တို့က အငြိမ်မနေ..အမြဲ ကန့်လန့် ။
" စစ်သွေး နင်အသာနေ..နင့်ကို စကားမပြောဘူး "
" ငါကလည်း နင့်ကို ပြောနေလို့လား.."
KAMU SEDANG MEMBACA
သူ (Unicode)
Romansa" ငါက ဒစ်ဖရန်ရှိတ် (differentiate) ဆို သူက အင်တီဂရယ် (integral) လို လူ.. ပုံစံဆင်တူပေမယ့် အကြောင်းရာ ကွာနေသလိုမျိုးပဲ " " နင်ဖွင့်တဲ့အချစ် အဓိပ္ပာယ် ကြီးကလည်း ဆန်းဆန်းကြီး " " သချာင်္ကျောင်းသူဆိုတော့ နီးရာ နှိုင်းပြရတာပဲ.. " . " နင် ငါ့ကို သဝန်တိုနေ...