သူ
🌸pann
Part (11)
ကျောင်းနှစ်လပိတ်တယ် ဆိုပေမယ့် တကယ်တော့ နှစ်လဆိုတာ သိပ်မကြာလိုက်.. ။
×င်လှည့်ခေါင်းလှည့်နဲ့ အချိန်တွေက ကုန်မှန်းမသိ ကုန်ပြီ..
သင်္ကြန် တောင် ပြီးခဲ့တာ သိပ်မကြာသေးဘူး ထင်ရဲ့.. အခုတော့ ကျောင်းက ပြန်တောင် ဖွင့်တော့မယ်.. ။
မြန်လိုက်တဲ့ အချိန်..အကုန်များတဲ့ထဲမှာ ဒီအချိန်ဆိုတာလည်း ပါသည်
စစ်သွေးနဲ့နန်းမြတ် ဆိုတာလည်း အချိန်တိုင်း အတူတူရှိနေခဲ့ပါသည်.. ။
ဒီလိုလေးပဲ အတူရှိခဲ့မယ်လို့ နန်းမြတ် တစ်ထစ်ချ ယုံကြည်ခဲ့မိတာ နန်းမြတ်ရဲ့ အမှားတစ်ခုထင်ပါရဲ့..
ဒီကျောင်းပိတ်လိုက်တဲ့ နှစ်လက နန်းမြတ်အတွက် လေပြေလေးက နောက်ဆုံး လို့ တွေးမထင်ထားခဲ့တာလေ.. ။
ဘယ်သူထင်မှာလဲ.. ကံတရားက နန်းမြတ်ကို ရက်စက်လိမ့်ဦးမယ်လို့
အဲ့ကံကြမ္မာ မုန်တိုင်းက နန်းမြတ်ဆီတဖြေးဖြေး ရွေ့လာခဲ့မှန်း နန်းမြတ်မသိခဲ့..
ဘယ်ချိန်ကတည်းက နန်းမြတ်ဆီ ရွေ့လာနေခဲ့မှန်းလည်း နန်းမြတ် သတိမထားမိ.. ။
ကြိုသိခဲ့ရင်ရော နန်းမြတ် တစ်ခုခု လုပ်နိုင်ခဲ့ဦးမလား.. ကာကွယ်ဖို့ နည်းလမ်းတွေ လည်း နန်းမြတ် ချ မှတ်နိုင်ခဲ့မလား ။
နန်းမြတ် ဘာတစ်ခုမှ သတိမမူဘဲ နေခဲ့တာ နန်းမြတ်ရဲ့ အမှားများလား..
.
" ဘုန်း.. "
" ဟော ဟော.. လုပ်ပြန်ပြီ "
နန်းမြတ် ခုံကို ထုနေတာမို့ ကေဇင် နန်းမြတ်လက်ကို တားထားရသည်..
" နင်ပဲ စဉ်းစားကြည့်.. "
" ရပါပြီ.. နင်ငါ့ကို စဉ်းစားခိုင်းနေတာက တော်တော်ကို ကြာနေပြီ "
ဆိုင်ထိုင်ကတည်းက ' နင်ပဲ စဉ်းစားကြည့်.. နင်ပဲ စဉ်းစားကြည့် ' ဆိုပြီး စဉ်းစားခိုင်းနေတာ တော်တော် ကို ကြာနေပြီ ။
" ငါ့တို့ကို တစ်ခွန်းမှ မပြောဘဲ အဲ့သုံးကောင် ဘယ်ရောက်သွားပြန်ပြီလဲ မသိဘူး.. ဖုန်းဆက်တော့လည်း မကိုင်ဘူး ဘယ်ကို ခခွေးကွေ့နေလဲ မသိဘူး "
ESTÁS LEYENDO
သူ (Unicode)
Romance" ငါက ဒစ်ဖရန်ရှိတ် (differentiate) ဆို သူက အင်တီဂရယ် (integral) လို လူ.. ပုံစံဆင်တူပေမယ့် အကြောင်းရာ ကွာနေသလိုမျိုးပဲ " " နင်ဖွင့်တဲ့အချစ် အဓိပ္ပာယ် ကြီးကလည်း ဆန်းဆန်းကြီး " " သချာင်္ကျောင်းသူဆိုတော့ နီးရာ နှိုင်းပြရတာပဲ.. " . " နင် ငါ့ကို သဝန်တိုနေ...