သူ
🌸pann
Part (18)
စစ်သွေး ဆေးကုသမှုခံယူပါပြီ.. နန်းမြတ်သဘောကျ အတိုင်း ။
ဒီနေ့က သူပထမအကြိမ် ဆေးသွင်းကုသမယ့်နေ့..
နန်းမြတ်တို့အားလုံး သူ့ဘေးနားမှာနေပြီး လိုအပ်တာတွေ ပြင်ပေးနေလိုက်သည်.. ။
စစချင်းသွင်းတာက Doxorubicin ( 70 ) mg သွင်းရသည်.. သူ့ကိုနာလားမေးတော့ ဟင့်အင်း မနာဘူးတဲ့ ဘယ်လိုမှမနေဘူးတဲ့ ဆရာကိုမေးတော့ ဟုတ်ပါတယ် ဘာခံစားချက်မှ မရှိတာ အမှန်ပါတဲ့လေ
တော်သေးတာပေါ့.. နန်းမြတ် က သူဆေးသွင်းတာ မနာဘူးပြောတော့ နာကျင်ခံစားမှုကို မခံစားတတ်ဘူး ထင်ခဲ့တာ ။
70 mg ကို နှစ်ရက်ခွဲသွင်းသည်..
ဆေးတစ်ခါ တစ်ခါသွင်းရင် ခုနစ်ရက်ကြာသည်တဲ့.. ။
ပထမဆုံးဆေးသွင်းကုသတာမို့ ရက်နှစ်ဆယ် သုံးဆယ်လောက် ကြာတတ်တယ်တဲ့.. နန်းမြတ် တာဝန်ကျဆရာကို မေးထားတာ လေ
သူ့ကိုအားပေး ပေးဖို့ကလည်း အဓိကလိုတာမို့ စိတ်ခွန်အားပေးရသည်..
နောက် Daunorubicin 20 mg×4 nos× N/s သွင်းတော့ သူခေါင်းအရမ်းကိုက်လို့ လူးလိမ့်ခံစားရတယ်..
" အား.. "
" စစ်သွေး.. စစ်သွေးရေ "
" အား.. ကိုက်တယ် ကိုက်တယ် ဒုတ် ဒုတ် "
" စစ်သွေး မလုပ်ပါနဲ့.. ဟင့်အင်း မလုပ်ပါနဲ့ "
သူ ခေါင်းအရမ်းကိုက်လို့ သူ့လက်သီးနဲ့သူ့ခေါင်းကို ထုရိုက်နေသည်..
" ဆရာ.. ဆရာ ကြည့်ပေးပါဦး ဆရာရယ် "
ဆရာကို သွားခေါ်ပြီး နန်းမြတ်တို့သူ့ကို ကြည့်ခိုင်းရသည်.. သူကုတင်မှာ အခုလိုလူးလိမ့်ခံစားနေရတော့ နန်းမြတ်တို့မခံစားနိုင် ။
နန်းမြတ်နဲ့အမေနှစ်ယောက် ပွေ့ဖက်ကာငိုနေမိသည်.. သူခံစားနေရတာကို သက်သာအောင်ဘယ်လိုလုပ်ပေး ရမှန်းကိုမသိဘူး ဖြစ်နိုင်ရင် သူ့နာကျင်မှုတွေကို နန်းမြတ်တို့ယူပေးလိုက်ချင်သည်..
ခက်တာက သူနာကျင်နေရတာမြင်နေလည်းပဲ ဘေးမှာနေပြီး ဘာမှမလုပ်ပေးနိုင်ကြတာပဲ.. ။
ESTÁS LEYENDO
သူ (Unicode)
Romance" ငါက ဒစ်ဖရန်ရှိတ် (differentiate) ဆို သူက အင်တီဂရယ် (integral) လို လူ.. ပုံစံဆင်တူပေမယ့် အကြောင်းရာ ကွာနေသလိုမျိုးပဲ " " နင်ဖွင့်တဲ့အချစ် အဓိပ္ပာယ် ကြီးကလည်း ဆန်းဆန်းကြီး " " သချာင်္ကျောင်းသူဆိုတော့ နီးရာ နှိုင်းပြရတာပဲ.. " . " နင် ငါ့ကို သဝန်တိုနေ...