သူ
🌸pann
Final
ခွမ်း...
နန်းမြတ် စားပွဲခုံက နန်းမြတ်ဖုန်းကို ယူလိုက်တာဆိုပေမယ့် စစ်သွေးရဲ့ဓာတ်ပုံဘောင်က ပြုတ်ကျသွားတာလေ.. ။
နန်းမြတ် လန့်မိသည်.. ကွဲသွားတာတွေ ကြည့်ပြီး ဘာကိုစိုးထိတ်မိလို့ စိုးထိတ်မိမှန်းမသိ သေချာတာကတော့ ကြောက်နေမိတာ
ကျကွဲသွားတဲ့ ဓာတ်ပုံဘောင်ကြည့်ရင်း စိတ်တွေလွင့်နေလို့ ကြောင်တောင်တောင်ကြီး နဲ့မတ်တပ်ရပ် နေမိတဲ့ နန်းမြတ်.. ။
" သမီးရေ..သမီး စစ်သွေး မေ့လဲသွားလို့တဲ့ "
" ရှင် "
နန်းမြတ် ကြောက်နေသလို ဖြစ်လာပြီလား.. ။
" သမီး.. သမီး "
ကြောင်တောင်တောင် လေး ကျောက်ရုပ်အတိုင်း မတ်တပ်ရပ်နေတဲ့ သမီးကြောင့် လက်မောင်းလေးလှုပ်ကာ ခေါ်ရသည်.. ။
" သမီး.. "
" ဟင်.. ဟင် "
" လိုက်သွားရအောင်လေ.. "
" ရှင်.. ဟုတ် ဟုတ်ကဲ့ "
နန်းမြတ် ပြေးပြီး စစ်သွေးအိမ်ကို ပြေးရပြီ.. ဟိုရောက်တော့ ကားကထွက်တော့မယ် နန်းမြတ်အမြန် နောက်ခန်းကိုဝင်ထိုင် လိုက်သည်..။
စစ်သွေးကို မေချိုက ဖက်ပြီး မေချို့ပခုံးမှာ စစ်သွေးက ခေါင်းလေးမှီတင်ထားလျက်.. နန်းမြတ် စစ်သွေးရဲ့ လက်ကို ဆုပ်ကိုင်နေမိသည် ။
စစ်သွေး ဘာမှမဖြစ်စေဖို့လည်း စိတ်ထဲကနေ ကြိတ်ဆုတောင်းမိသည် ။
ဘုရားသိကြား မ ပါစေ...
.
ဆေးရုံရောက်တော့ ဆရာဝန်တွေက အဆင်သင့် အပြင်မှာ စောင့်နေပေးသည်..
နန်းမြတ်တို့ မထွက်လာခင်ကတည်းက ဆေးရုံကိုလှမ်း အကြောင်းကြားထားတာမို့လေ.. ။
ဆေးရုံမှာ လိုအပ်တာတွေ အကုန်လုပ်ပေးနေသည်.. သွေးသွင်းဖို့ လိုအပ်တယ်တဲ့
အိုသွေးဆိုတာက တကယ်တမ်းကျ ပေါသည်ဟု ထင်ရပေမယ့် တကယ်လိုအပ်ပြီ တကယ်အသုံးဝင်ပြီ ဆိုရင် ဘယ်နားမှာ သွားကပ်နေလဲ မသိ ရှာရခက်လွန်းသည်.. ။
YOU ARE READING
သူ (Unicode)
Romance" ငါက ဒစ်ဖရန်ရှိတ် (differentiate) ဆို သူက အင်တီဂရယ် (integral) လို လူ.. ပုံစံဆင်တူပေမယ့် အကြောင်းရာ ကွာနေသလိုမျိုးပဲ " " နင်ဖွင့်တဲ့အချစ် အဓိပ္ပာယ် ကြီးကလည်း ဆန်းဆန်းကြီး " " သချာင်္ကျောင်းသူဆိုတော့ နီးရာ နှိုင်းပြရတာပဲ.. " . " နင် ငါ့ကို သဝန်တိုနေ...