Part (16)

1.2K 51 1
                                    

သူ

🌸pann

Part (16)

" မျက်နှာသစ်မယ်.. "

နန်းမြတ် လူနာ ညစောင့် စောင့်ကာ မနက်အစောကြီး သူ့ထက်အရင်ထပြီး မျက်နှာသစ် သွားတိုက်ထားရသည်.. ။

သူနိုးလာတော့ နန်းမြတ် ရေဇလုံထဲ ရေထည့်ကာ တဘက်လေး ယူပြီး သူ့အနားသွားလိုက်သည်..

" ငါ့ဟာငါ အထဲမှာပဲ သစ်မယ်.. "

သူက နန်းမြတ် လုပ်ပေးနေတာကို ငြင်းပြီး သူကိုယ်တိုင်ပဲ လုပ်ဖို့ကြိုးစားသည်.. ။

နန်းမြတ်လည်း သူမကြိုက်တာကို အတင်းမလုပ်ချင်တာမို့ သူ့သဘောအတိုင်း လုပ်ဖို့သဘောတူပေးလိုက်သည်..

" အင်း ရတယ်မလား.. အရှေ့မှာပဲ ငါစောင့်နေမယ် "

" အင် "

သူ အိမ်သာခန်းဘက် ဝင်သွားတော့ နန်းမြတ် တံခါးတွေဖွင့် လိုက်ကာတွေဆွဲနဲ့ အခန်းတွင်း အလင်းဝင်စေသည် .. ။

အခန်းတွင်းထဲ ရှုပ်နေတာတွေကိုလည်း ရှင်းကာ တံမြက်စည်း လှည်းနေလိုက်သည်..

သူဘာစားချင်လဲ မေးဖို့ပါဆို သူက အိမ်သာထဲကနေ တော်တော်နဲ့မထွက်လာနိုင်.. အရင်က ဒီလောက် မကြာပါဘူး ဘာလို့ဒီနေ့ကျမှ သူဝင်တာ ကြာနေရတာလဲ ။

" ဒေါက် ဒေါက်.. စစ်သွေး "

" ...... "

" စစ်သွေး "

" ..... "

နှစ်ခွန်းသုံးခွန်း ခေါ်နေတာတောင် အထဲကနေ ဘာမှပြန်မထူး ပြန်လည်း အသံမပေးဆိုတော့ နန်းမြတ် စိုးရိမ်စိတ်ပိုလာရသည်.. ။

" ဒေါက် ဒေါက် စစ်သွေး.. "

စစ်သွေး နန်းမြတ်ခေါ်နေသံ ကြားပေမယ့် ပြန်မထူးချင်သေး.. အခုဘေစင်မှာ သွေးတွေလွှမ်းနေလိုက်တာက အဖြူ ရောင်တောင် အနီရောင်ဖြစ်နေတာ ။

ဒါကို ကျွန်တော်ရေနဲ့အနိုင်နိုင် ဆေးချနေတာလေ.. နန်းမြတ်ကို အသံပြန်ပြု ရအောင်လည်း ကျွန်တော် အသံမပြု နိုင်သေး ကိုယ့်ကိုယ်ကို တောင် ထိတ်လန့်မိနေသေးတုန်းမို့

" ဒုန်း ဒုန်း.. စစ်သွေးရေ စစ်သွေး "

နန်းမြတ် တံခါးကိုမခေါက်နိုင်တော့.. ရင်တွေအရမ်းလှုပ်ရှားလာတာမို့ တံခါးကို ရိုက်ပုတ်ထုနေတာမိတာ နန်းမြတ်ဘယ်လောက် ခေါ်ခေါ် သူကပြန်မထူးတော့ ဒီကရင်တွေ ပူလောင်နေရပြီ.. ။

သူ (Unicode)Tahanan ng mga kuwento. Tumuklas ngayon