Part (14)

1.1K 59 1
                                    

သူ

🌸pann

Part (14)

သူ့လက်ကို ကိုင်ပြီး ကျွန်တော်တို့ ပတ်လည်နေလိုက်သည်.. ။

နန်းမြတ်ကတော့ ကျွန်တော့်လက်ကိုဆွဲပြီး တစ်ခစ်ခစ် နဲ့ရယ်ကာ ပြုံးနေနိုင်ပေမယ့် ကျွန်တော် မပြုံးနိုင်..

' နန်းမြတ် ငါဘယ်လိုလုပ်ရမလဲ.. ငါ '

ကျွန်တော့် လည်ပင်းတွေ ခြောက်ကပ်လာကာ စကားလုံးတွေတောင် ဖြောင့်အောင်ပြောဖို့ နေနေသာသာ ဘာတစ်ခွန်းမှ ဟမရပေ..။

ဒီဆွဲထားတဲ့လက်ကို ကျွန်တော် မဖြုတ်ချင်ပါ..ဟင့်အင်း ဖြုတ်လည်းမဖြုတ်နိုင်ပါ ဒါပေမယ့် ဒါပေမယ့် လို့ အခု ကျွန်တော် ဖြုတ်ဖို့ ဖန်လာပြီ

ငါနင့်လက်ကို အမြဲတမ်း တွဲထားနိုင်မယ်လို့ ထင်ထားခဲ့တာပါ.. နန်းမြတ် ။

ဒါပေမယ့် ဟာ...

" စစ်သွေး ဟိုဘက်သွားကြည့်ရအောင်.. "

" ...... "

ကျွန်တော့်လက်ကို သူဆွဲခေါ်နေတာကို မလိုက်တော့ဘဲ ခြေစုံရပ်ကာ လက်ကိုအားနဲ့တင်းခံထားလိုက်သည်.. ။

" ဟင် ဘာဖြစ်လို့လဲ စစ်သွေး.. "

နန်းမြတ်ခေါ်နေတာ မပါလာတဲ့ စစ်သွေးကြောင့် သူ့ကိုလှည့်မေးရပြီ ။

" နန်းမြတ် "

" ဟွန်.. ပြောလေ "

" ငါ့အတွက် ဟန်ဆောင်ပေးတာ ရပ်လို့ရပြီ.."

" ဟင်.. ဘာလဲ "

နန်းမြတ် နားမလည်ပါ.. သူဘာတွေပြောနေမှန်းကို နန်းမြတ် မသိပါ ။

" ငါ့အတွက် ရည်းစားအဖြစ် ဟန်ဆောင်ပေးတာ ရပ်လို့ရပြီလို့.. "

" .......... "

နန်းမြတ် သူ့လက်ကို ကိုင်ထားရာကနေ ယောင်ပြီး လွတ်ပေးလိုက်မိသည်.. ။

နင် ဘာတွေပြောနေတာလဲ.. စစ်သွေး

" ငါ ယွန်းမီနဲ့ လက်ထပ်တော့မယ်.. "

" ဟမ်.. "

နန်းမြတ် တုန်လှုပ်မိသည်.. စစ်သွေးက နန်းမြတ်က ဘာတွေ စ နေတာလဲ ။

သူ (Unicode)Où les histoires vivent. Découvrez maintenant